Right Issue Announcement

အစုရှယ်ယာရှင်များအားအသိပေးခြင်း

၁။        မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) ဒါရိုက်တာအဖွဲ့အစည်းအဝေး (၃/၂၀၂၂-၂၀၂၃)၏ အစည်းအဝေး အရ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ဥပဒေပုဒ်မ ၆၃ (ဂ) နှင့် ကုမ္ပဏီ၏ မူလဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၅၉ နှင့် အညီ ရန်ကုန်စတော့အိတ်(စ်)ချိန်းသို့ မတက်ရောက်မီ လက်ရှိအစုရှယ်ယာရှင်များအား ဦးစားပေးရောင်းချသည့်အစီအစဉ် Right Issue ဖြင့် မူလအစုရှယ်ယာ (၁၀) စုပိုင်ဆိုင်လျှင် (၁) စုနှုန်းဖြင့် ထပ်မံ၀ယ်ယူခွင့်ပြုရန်  ဆုံးဖြတ်ခဲ့ပါသည်။ အစုရှယ်ယာတစ်စောင်၏ စျေးနှုန်းမှာ တစ်စောင်လျှင် (၁၅၀၀) ကျပ်ဖြစ်ပါသည်။

၂။         အစုရှယ်ယာရှင်များအနေဖြင့် မိမိအစုရှယ်ယာအချိုးအရ ဝယ်ယူပိုင်ခွင့်ရှိသည့် အစုရှယ်ယာများအား ကိုယ်တိုင် ဝယ်ယူလိုခြင်းရှိမရှိ ပြန်ကြားနိုင်ရန် Link အား SMS ဖြင့် ပေးပို့သွားမည်ဖြစ်ပြီး ရှယ်ယာရှင်များအနေဖြင့် ၁၀.၃.၂၀၂၃ ( သောကြာနေ့ ) နောက်ဆုံးထား အကြောင်းပြန် ကြားပေးရမည် ဖြစ်ပါသည်။

၃။        ကိုယ်တိုင်ဝယ်ယူမည်ဟု အကြောင်းပြန်ကြားသောအစုရှယ်ယာရှင်များသည် မိမိဝယ်ယူမည့် အစုရှယ်ယာ တန်ဖိုး၏ ၅၀% အား ပထမအရစ် အဖြစ်  ၃၁.၃.၂၀၂၃ရက် (သောကြာနေ့) တွင် နောက်ဆုံးထား ပေးသွင်းရ မည်ဖြစ်ပြီး ကျန် ၅၀% တန်ဖိုးငွေအား ဒုတိယအရစ်အဖြစ် ၃၁.၅.၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) တွင် နောက်ဆုံးထားပေးသွင်းရမည် ဖြစ်ပါသည်။

၄။        အစုရှယ်ယာ၀ယ်ယူရန် ပထမအရစ်ရှယ်ယာတန်ဖိုး၏ ၅၀% ငွေပေးသွင်းပြီး ဒုတိယအရစ် ကျန် ၅၀% တန်ဖိုးငွေအား သတ်မှတ်ရက် အတွင်း  ပေးသွင်းရန် ပျက်ကွက်သော အစုရှယ်ယာရှင်များသည် ပေးသွင်းပြီးသည့် ငွေတန်ဖိုးနှင့် ကိုက်ညီသော အစုရှယ်ယာအရေအတွက်ကိုသာ  ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

၅။        သတ်မှတ်ကာလအတွင်း အကြောင်းပြန်ကြားမှုမပြုသည့် အစုရှယ်ယာရှင်များ၊ ၀ယ်ယူခြင်း မပြုကြောင်း အကြောင်းပြန်ကြားသည့် အစုရှင်ယာရှင်များ၊  သက်ဆိုင်ရာ အရစ်အလိုက် နောက်ဆုံးနေ့ရက်အထိ ငွေပေးသွင်းမှု ပျက်ကွက်သည့် အစုရှယ်ယာရှင်များ တို့၏ ၀ယ်ယူခွင့် ရှိသော အစုရှယ်ယာများအား ကုမ္ပဏီမှ သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခွဲ‌ဝေရောင်းချ ပေးသွား မည်ဖြစ်ပါသည်။

၆။        ယခုထုတ်‌ဝေသော Right Issue  ရှယ်ယာများကို ၀ယ်ယူသူများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အမြတ်‌ဝေစုခွဲ‌ဝေခြင်းနှင့် ပတ်သတ်၍ ကြေငြာခြင်းမပြုမီ ရှယ်ယာတန်ဖိုး အပြည့်အ‌ဝ ပေးချေပြီးပါက မူလရှယ်ယာများနည်းတူ အမြတ်‌ဝေစုဆိုင်ရာ အကျိုးခံစားခွင့် ရရှိသွားမည်ဖြစ်ပါသည်။

၇။        MAEX ၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကို စတော့အိတ်(စ်)ချိန်း စာရင်းတင်သွင်းရန် ဖော်ပြချက်စာတမ်း Disclosure Document for listing တွင်ဖော်ပြထားပြီး  MAEX ၏ website www.maex.com.mm တွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

၈။        Right Issue Share ထုတ်‌ဝေရောင်းချခြင်းနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက MAEX website (သို့) MAEX Viber Phone Number; 09 889955485 နှင့် 09 885522033  သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်