Board of Director

BOARD OF DIRECTORS
ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ(၂၀၁၉-၂၀၂၀)
Board of Directors (2019-2020)
ဦးဝင်းအောင်
U Win Aung

ဦးဝင်းအောင်သည် MAEX၏ အမှုဆောင်မဟုတ်သော ဥက္ကဌဖြစ်ပါသည်။ သူသည် ဒဂုန်ကုမ္ပဏီများအုပ်စု၏ ရှေ့ဆောင် လမ်းပြကုမ္ပဏီဖြစ်သော ဒဂုန်အင်တာနေရှင်နယ်လီမိတက်အား ၁၉၉၀ခုနှစ်တွင်
တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီ၏ ဥက္ကဌလည်း ဖြစ်ပါသည်။ အိမ်ခြံမြေလုပ်ငန်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ဈေးဝယ်စင်တာများ၊ ဘက်စုံလယ်ယာ
စိုက်ပျိုးရေးလုပ်ငန်းများ၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ခြင်းနှင့်ကုန်စည်ဖြန့်ဖြူးခြင်း၊ မော်တော်ကားနှင့်စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် အခြား စီးပွားရေး
ကဏ္ဍအပါအဝင်လုပ်ငန်းကဏ္ဍမျိုးစုံတွင်လုပ်ကိုင်လျက်ရှိပါသည်။
ဦးဝင်းအောင်သည် ယခုလက်ရှိအချိန်တွင် Myanmar Thilawa SEZ Public Co., Ltd. (MTSH) နှင့် Myanmar Japan Thilawa Development Limited (MJTD) ၏ ဥက္ကဌဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်အတွက် မူလအစကပင် ဂျပန်နိုင်ငံလုပ်ငန်းရှင် များနှင့် တွဲဖက်၍ နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုရရှိရန်နှင့် အများပြည်သူများမှ အစုရှယ်ယာ ထည့်ဝင်နိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်ညှိနှိုင်း ကမကထပြုခဲ့သူတစ်ဦး ဖြစ်ပါသည်။
ဦးဝင်းအောင်သည် Golden Land East Asia Development (GLAD)၏ မူလဦးဆောင် တည်ထောင်ခဲ့သည့် ဥက္ကဌတစ်ဦးလည်း ဖြစ်ပါသည်။ GLAD သည် ရင်းနှီးမြှုပ်နှံမှုနှင့် အထွေထွေကုန်သွယ်မှုလုပ်ကိုင်သည့် အများပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
ဦးဝင်းအောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာ့ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဖွဲ့စည်းထားသော မဟာရန်ကုန်မြို့တော်နှင့် ရန်ကုန်မြို့တော်ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးကို ရည်ရွယ်၍ တည်ထောင်ထားသည့် ရန်ကုန်မက်ထရိုပိုလီတန် ဒယ်ဗလော့မင့် ပတ်ဘလစ် ကုမ္ပဏီလီမိတက်၏ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ/ ဘုတ်အဖွဲ့အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါသည်။
ဦးဝင်းအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဌအဖြစ် ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ABAC = ASEAN Business Advisory Council) ၏ ဥက္ကဌ အဖြစ် ၂၀၁၃ မှ ၂၀၁၄ အထိ၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးဖိုရမ် (GMS-BF = Greater Mekong Sub – region Business Forum) ၏ ဥက္ကဌ အဖြစ် ၂၀၀၂ မှ ၂၀၀၄ခုနှစ် အထိ နှင့် ၂၀၁၂ မှ ၂၀၁၄ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) အဖွဲ့ဝင်အဖြစ် (၂၀၁၂ မှ ၂၀၁၆ခုနှစ်အထိ) နှင့် ကုလသမဂ္ဂ အရှေ့အာရှနှင့် ပစိဖိတ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး UN-ESCAPတို့၏ အကြံပေးကောင်စီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါသည်။
ဦးဝင်းအောင်သည် MAEX ၏ ဥက္ကဌတာဝန်ကို (၂၀၁၅)ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိပါသည်။
U Win Aung is the Non- Executive Chairman of MAEX. He founded and continues as the Chairman of Dagon International Limited which is the flagship company of Dagon Group of Companies since its establishment in 1990. Dagon
Group of Companies engages in wide range of business in residential and commercial development, hotel development, integrated agricultural development, value added food industry,logistics and distribution, automobile distribution, petroleum distribution, and in other business sectors.
U Win Aung is currently the Chairman of Myanmar Thilawa SEZ Public Holdings Public Co., Ltd. He is one of the initiators and the lead negotiator & founder Chairman for Myanmar Private Sector’s involvement in the implementation of the Thilawa SEZ jointly with the Japanese investors, to create investment opportunities for Myanmar Citizens.
He is also the Chairman and one of the Promoters of Golden Land East Asia Development Ltd. (GLAD), a public company engaged in general trading and investment. Representing Yangon Regional Government, he serves as Board of Director/Board Secretary of Yangon Metropolitan Development Public Co., Ltd, a Government Link Company which aims for public housing development and to upgrade greater Yangon city & Yangon Region.
U Win Aung served as President of UMFCCI from 2011 to 2016, Chairman of ASEAN Business Advisory Council (ABAC) from 2013 to 2014 & Chairman of Greater Mekong Sub-region Business Forum (GMS-BF) from 2002 – 2004 and 2012 – 2014. He was also one of the members of the National Economic and Social Advisory Council (“NESAC”) and UN-ESCAP Advisory Council.U Win Aung has been serving as Chariman of MAEX since 2015.

ဦးစစ်လွင်
U Sit Lwin

ဦးစစ်လွင်သည် ကျွန်ုပ်တို့ကုမ္ပဏီ၏ အမှုဆောင်မဟုတ်သော ဒုတိယဥက္ကဌဖြစ်ပြီးစာရင်းစစ်ကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ဦးစစ်လွင်တွင် ရွှေထည်၊ လူသုံးကုန် ပစ္စည်းကုန်သွယ်မှုကဏ္ဍတွင် အတွေ့အကြုံများစွာရှိသူတစ်ဦး ဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် မိုးမခရွှွေနှင့်ရတနာလုပ်ငန်း ဟုခေါ်သော ရွှေနှင့်ရတနာ စီးပွားရေးလုပ်ငန်းကို တည်ထောင်ခဲ့ပြီး ရွှေထည်ပစ္စည်းများကိုထုတ်လုပ်ကာ လက်ကား ရောင်းချခြင်းကို လုပ်ဆောင်နေသည့် ရွှေေဈေးကွက်ကို ဦးဆောင်နေသူဖြစ်ပါသည်။ နှစ်ပေါင်း(၂၀)ကျော် ရွှေနှင့်စိန်ထည်လုပ်ငန်း အတွေ.အကြုံကို အခြေပြုပြီး နိုင်ငံအနှံ့ဖြန့်ဖြူးရေး ကွန်ယက်ကို တည်ဆောက်လျက် လက်ကားရောင်းဝယ်ခြင်းကို စီမံဆောင်ရွက်နေသည်။သူသည် ရန်ကုန်တိုင်း ရွှေကုန်သည်အသင်းအဖွဲ့တွင် ကော်မတီ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းတာဝန်ထမ်းဆောင်လျက်ရှိရာ သူ၏ကျွမ်းကျင်မှုဗဟုသုတသည် အသင်းကိုအနာဂါတ်မူဝါဒကောင်းများချမှတ်နိုင်ရေးအတွက်အထောက်အကူဖြစ်စေပါသည်။သူသည် (Willow Myanmar Investment Co., Ltd) ကို တည်ထောင်သူလည်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ကုန်သွယ်ရေးလုပ်ငန်းအပြင် မြန်မာ သီလဝါ အထူးစီးပွားရေးဇုံ ဦးပိုင်များကဲ့သို့အခြေခံအဆောက်အအုံဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တို.တွင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပါသည်။သူသည်၁၉၈၂ ခုနှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှဘောဂဗေဒ ပညာဘွဲ့ ကိုရရှိခဲ့သည်။ဦးစစ်လွင်သည်MAEX ၏ ဒုတိယဥက္ကဌတာဝန်ကို၂၀၁၅ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိပါသည်။

U Sit Lwin is a Non- Executive Vice Chairman of our Company. U Sit Lwin has extensive experience in the gold commodity trading sector. In 1996, he established a gold jewellery business called Moe Ma Kha Gold & Jewelry.a market leader, specializing in manufacture and wholesale of gold jewellery. He has over 20 years of experience in managing nationwide distribution network of gold and diamond jewellery. He also serves as an influential committee member of Yangon Gold Association where his technical knowledge in the field helps steer the association towards framing better policies relating to the industry.He is also the founder of Willow Myanmar Investment Co., Ltd which has strategic holdings in various businesses
such as hotels and tourism, commodity trading as well as infrastructure businesses such as Myanmar Thilawa SEZ holdings.In 1982, he graduated with a Bachelor of Economics Degree from the Yangon Institute of Economics. U Sit Lwin has been serving as Vice Chariman of MAEX since 2015.

ဦးအောင်ဇော်ဦး
U Aung Zaw Oo

ဦးအောင်ဇော်ဦးသည် အမှုဆောင်မဟုတ်သော ဒုတိယဥက္ကဌဖြစ်ပြီး စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ သူသည်အောင်နိုင်သစ္စာ ကုမ္ပဏီများအုပ်စု၏ ဥက္ကဌ လည်းဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် စီးပွားရေး လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ထိုစီးပွားရေး လုပ်ငန်း များတွင် ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သော (Golden Land Express Limited) စားဆီသန့်စင်ရေးနှင့် ရွှေတူးဖော်ခြင်း၊ မော်တော်ယာဉ်အရောင်း ပြခန်းနှင့် ဖြေဖျော်မှုတို့ပါဝင်သည်။ သူသည် (Golden Land East Asia Development Ltd) ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ သူသည် သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရတစ်ဦးဖြစ်သည်။ ထို့အပြင် (UMFCCI = Union of Myanmar Federation of Chamber of Commerce and Industry ) ပြည်ထောင်စုမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ တွဲဘက်အတွင်းရေးမှူး တစ်ဦး အဖြစ်လည်း ၂၀၁၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ဦးအောင်ဇော်ဦးသည်MAEX ၏ ဒါရိုက်တာ တာဝန်ကို(၂၀၁၅)ခုနှစ်မှစတင်ထမ်းဆောင်လျက်ရှိပါသည်

U Aung Zaw Oo is a Non- Executive Vice Chairman of our Company. He is currently the Chairman of Aung Naing Thitsar Group of Companies, which has several business units including the logistic business of Golden Land Express Limited, oil refinery and gold mining, car showroom and entertainment businesses. He is also a Director of Golden Land East Asia Development Ltd. U Aung Zaw Oo graduated from university majoring in mathematics. He served as a Joint Secretary of UMFCCI until 2016.U Aung Zaw Oo has been serving as Vice Chairman of MAEX since 2015.

ဦးတင်ထွဋ်ဦး
U Tin Htut Oo

ဦးတင်ထွဋ်ဦးသည်MAEX ၏ အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာနှင့်အမည်စာရင်း တင်သွင်းရေး ကော်မတီဥက္ကဌ ဖြစ်ပါသည်။ ဦးတင်ထွဋ်ဦးသည် စိုက်ပျိုးရေး ပညာရပ်တွင် ဘွဲ့ရရှိထားပြီး
စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးပညာရပ်တွင် မဟာသိပ္ပံဘွဲ့ ကိုင်ဆောင်ထားသူဖြစ်ပါသည်။ ယခုလက်ရှိ Yoma Strategic Holdings Ltd., Singapore ၏ စိုက်ပျိုးရေးအဖဲ့ွ၌ ဥက္ကဌ ဖြစ်ပြီး Agribusiness and Rural Development Consultants တွင် CEO အဖြစ် တာဝန်ထမ်းဆောင် နေပါသည်။ သူသည် စိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးစီမံကိန်းဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံဝန်ထမ်းအဖြစ်မှ ၂၀၀၉ ခုနှစ်တွင်အငြိမ်းစားယူခဲ့ပါသည်။ သူသည် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရပြီး စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) တွင် ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တွင် အကြီးတန်း အကြံပေးအရာရှိဖြစ်ပါသည်။ သူသည်Dioscoro L. Umali (၅) ကြိမ်မြောက်တစ်ဦးချင်းစံပြထူးချွန်ဆုအား စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ယင်းဆုသည်အရှေ့တောင်အာရှအတွင်း စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက်နေသော စံပြပုဂ္ဂိုလ်များအား ပေးခြင်းဖြစ်ပါသည်။ဦးတင်ထွဋ်ဦးသည် MAEX ၏ လွတ်လပ်သော ဒါရိုက်တာနှင့် အမည်စာရင်းတင်သွင်းရေးကော်မတီ ဥက္ကဌ ရာထူးကို (၂၀၁၆)ခုနှစ်မှစတင်ထမ်းဆောင်လျက်ရှိပါသည်။

U Tin Htut Oo is a Non- Executive Independent Director of our Company and is also the Chairman of the Nomination Committee. He holds a Bachelor of Agriculture from the Institute of Agriculture, Mandalay and M.Sc (Agricultural Economics) from Ohio State University. From 2001 to 2009, he was the Director-General of the Department of Agriculture Planning and before that he held various posts in the Ministry of Agriculture and Irrigation since 1974.
He retired from civil service in 2009. He is the Chairman of the agriculture group of Yoma Strategic Holdings Ltd. Singapore and the Chief Executive Officer of Agribusiness and Rural Development Consultants.
He was chosen to the Economic Advisor to the President from 2012 to 2016 and was the Chairman of the National Economy and Social Advisory Council (NESAC).
He is the senior advisor of the Union of Myanmar Federation of Chamber of Commerce and Industry (UMFCCI) and the Myanmar Rice and Paddy Federation (MRF).
He was awarded the 5th Annual Dioscoro L. Umali Achievement Award in Agriculture Development (Umali Award). This award is awarded to those who have gained success in developing the Agriculture Sector in their respective countries. U Tin Htut Oo has been serving as an Independent Director and the Chairman of Nomination Committee of MAEX since 2016.

ဦးအောင်ညွှန့်
U Aung Nyunt

ဦးအောင်ညွှန့်သည် MAEX ၏ အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာတစ်ဦးနှင့် စာရင်းစစ်ကော်မတီဥက္ကဌ လည်း ဖြစ်ပါသည်။ သူသည်ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ၁၉၆၄ တွင်ဝါဏိဇ္ဖဗေဒ
(စာရင်းကိုင်) ဘွဲ့ရရှိပြီး၊ မြန်မာနိုင်ငံစာရင်း ကောင်စီမှ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (C.P.A) တစ်ဦးဖြစ်ပါသည်။ သူသည် လုပ်ငန်းအတွေ့အကြုံအားဖြင့် မြန်မာ့သစ်လုပ်ငန်း ဘဏ္ဍာရေးဌာနတွင် (၄၀) နှစ် ထမ်းဆောင်ပြီး အထွေထွေမန်နေဂျာ(စီမံကိန်း)ရာထူးဖြင့် ၂၀၁၇ ခုနှစ်တွင်အငြိမ်းစားယူခဲ့ ပါသည်။ ပြည်ပ (၉) နိုင်ငံတွင်ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်း၊ ဆွေးနွေးပွဲများ တတ်ရောက်ခဲ့ပါသည်။ သူသည် ဘဏ္ဍာရေးအတိုင်ပင်ခံအဖြစ် ကုမ္ပဏီအုပ်စုကြီး (၃) ခုတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ချမှတ်ခဲ့ပါသည်။ စာရင်းစစ်အတွေ့အကြုံအားဖြင့် ပြင်ပစာရင်းစစ်အဖြစ် ကုန်သည်စက်မှု အသင်းချုပ် နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းကြီးတို့တွင်၂၀၀၈ မှ ၂၀၁၃ အထိ(၆) နှစ်ကြာမျှ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပါသည်။ သူသည်ဒါရိုက်တာ (ဘဏ္ဍာရေး) အဖြစ်အများပိုင်ကုမ္ပဏီများဖြစ်သော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်နှင့် National Industrial Holdings Co Ltd., တို့တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးအောင်ညွှန့်သည် MAEX ၏ လွတ်လပ်သော ဒါရိုက်တာရာထူးနှင့် စာရင်းစစ်ကော်မတီ ဥက္ကဌ ရာထူး ကို (၂၀၁၆)ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိပါသည်။
U Aung Nyunt is a Non- Executive Independent Director of our Company and is also the Chairman of the Audit Committee. He has 40 years of experience working in the treasury department of Myanmar Timber Enterprise and retired as General Manger (Planning). He has served as a director (Finance) in public companies such as [Timber and Timber Related Products Corporation Limited] and National Industrial Holdings Co. Ltd.
He has participated in several workshops and seminars on financial management in different countries. As a financial consultant, he has implemented and initiated Standard Operating Procedures in terms of treasure and finance in three major companies. He has worked as an independent auditor for the UMFCCI and the Myanmar Engineering Society from 2008 to 2013.
He graduated from Yangon Economics University in 1964 and holds a degree in Accounting. He is also a Certified Public Accountant accredited by the Myanmar Accounting Council. U Aung Nyunt has been serving as an Independent Director and the Chairman of Audit Committee of MAEX since 2016.

ဒေါက်တာဇော်ဦး
Dr, Zaw Oo

ဒေါက်တာဇော်ဦးသည် MAEX၏ အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာနှင့် အခကြေးငွေ သတ်မှတ်ရေးကော်မတီ ဥက္ကဌ လည်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ မြန်မာ့လူမှု စီးပွားဖွံဖြိုးရေး အဖွဲ့အစည်း (Center for Economics and Social Development) ၏ အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် ဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးလုပ်ငန်းများကို ဦးစီးဆောင်ရွက်လျက်ရှိပါသည်။ ယင်းမတိုင်ခင်က (၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ) နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံတကာဖွံ့ဖြိုးမှုပညာ မဟာဝိဇ္ဇာဘွဲ့၊ ဝါရှင်တန်ဒီစီ အမေရိကန်တက္ကသိုလ်မှ ငွေကြေးနှင့် ဘဏ္ဍာလုပ်ငန်းပညာ မဟာဝိဇ္ဇာဘွဲ့နှင့်စီးပွားရေးဖွံ့ဖြိုးမှုပညာပါရဂူဘွဲ့များ ရရှိထားပါသည်။
သူသည်(၂၀၀၆ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ) ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင်ကထိကတာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာဖွံ့ဖြိုးမှု ပညာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။ ထို့ပြင်သူသည်အသွင်ကူးပြောင်းရေးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ (အာဆီယံနိုင်ငံများ)နှင့် စပ်လျဉ်းသည့် သုတေသနလုပ်ငန်းများနှင့် အခြားလေ့လာမှုများ၊ လူမှုအဖွဲ့အစည်းနှင့် လူမှုအရင်းအမြစ် (Social Capital) ဆိုင်ရာ
သုတေသနနှင့် လူထုစစ်တမ်း၊ စီးပွားရေးမူနှင့် ပေါ်လစီလေ့လာချက်များ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်နှင့်အစိုးရဆွေးနွေးပွဲများကိုနိုင်ငံပေါင်း(၃၀)ကျော်တွင်တက်ရောက်ခဲ့ဖူးပါသည်။ ဒေါက်တာဇော်ဦးသည်MAEX၏ လွတ်လပ်သော ဒါရိုက်တာနှင့်အခကြေးငွေသတ်မှတ်ရေးကော်မတီဥက္ကဌရာထူးကို(၂၀၁၆)ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိပါသည်။

Dr. Zaw Oo is a Non- Executive Independent Director and Chairman of the Remuneration Committee. Currently, he is the Chief Director for the Centre for Economic and Social Development and is responsible for developmental research and training.
He served as the Economic Advisor to the President from 2012 to 2016. From 2006 to 2011, he served as the rector for research and taught International Studies at Chiang Mai University. He has been actively involved in research on economic changes and policies in ASEAN countries and has participated in over 30 international conferences relating to economic and democratic changes.
He holds a master’s degree in International Development Studies from Columbia University and a master’s degree and Phd in Finance from American University, Washington D.C. Dr. Zaw Oo has been serving as an Independent Director and the Chairman of Remuneration Committee of MAEX since 2016.

ဦးသောင်းတင်
U Thaung Tin

ဦးသောင်းတင်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဒုတိယဌာနမှူး တစ်ဦးဖြစ်ပါသည်။ ၂၀၀၂ ခုနှစ် တွင် B.A (မြန်မာစာ)ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။တပ်မတော်တွင် ၁၉၉၁ မှ ၂၀၀၄ခုနှစ် ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ်တွင် တပ်မ တော်မှ ဗိုလ်မှူး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့ပါသည်။၂၀၀၄ခုနှစ်မှ ၂၀၁၄ခုနှစ်ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန တို့တွင်၊လက်ထောက်ဌာနမှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင် ခဲ့ပြီး၊လက်ရှိတွင် ဈေးများဌာန၌ ဒုတိယဌာနမှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဦးသောင်းတင်သည်သည် MAEX၏ အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာအဖြစ် ( )ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိပါသည်။

U Thaung Tin is the Deputy Department Head, Markets Department of the Yangon City Development Committee (YCDC). He holds a Bachelor of Arts (B.A) degree in Myanmar Literature. He served in the Military from 1991 to 2004 and in 2004, he retired as Major. From 2004 to 2014, he served as the assistant department head in the production department, Environmental Conservation department and Sanitation department.As of now, he is the Deputy
Department Head of the Markets Department.U Thaung Tin has been serving as a Non- Executive Independent Director of MAEX since 2015.

ဦးသူရိန်အောင်
U Thurane Aung

ဦးသူရိန်အောင်သည်MAEX ၏ အမှုဆောင်မဟုတ်သော ဒါရိုက်တာနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဌ လည်းဖြစ်ပါသည်။ သူသည် MAEX ဥက္ကဌ ဦးဝင်းအောင်၏ သားဖြစ်ပြီး ၊ MAEX ဒုတိယဥက္ကဌ ဦးစစ်လွင်၏ သားမက်ဖြစ်သည်။ သူသည် လက်ရှိတွင် ဒဂုန်ကုမ္ပဏီများ အုပ်စု၏ အမှုဆောင်အရာရှိချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသည်။ ဒဂုန်ကုမ္ပဏီများ အုပ်စုသည်မြန်မာ နိုင်ငံတွင် လုပ်ငန်းမျိုးစုံလုပ်ကိုင်သည့် ဦးဆောင်စီးပွားရေး ကော်ပိုရေးရှင်းကြီးများ အနက်တစ်ခုဖြစ်ပြီး အိမ်ခြံမြေဖွံ.ဖြိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ သစ်ထုတ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ကုန်သွယ်မှု လုပ်ငန်း၊ ရာဘာနှင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း၊ လက်လီရောင်းဝယ် ဖြန့်ဖြူးရေး လုပ်ငန်း၊ လောင်စာဆီဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း၊ မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ငန်း နှင့် စားသောက်ကုန် အဆင့်ဆင့် ပြုလုပ် သည့်လုပ်ငန်းများပါဝင်သည်။ ဒဂုန်အုပ်စု၏ စီးပွားရေးလုပ်ငန်းကြီးထွားရေး မဟာဗျူဟာများနှင့်တိုးချဲ့ရေးစီမံကိန်းများကို တက်ကြွစွာ ဦးဆောင်၍ စီးပွားရေးလုပ်ငန်းသစ်များ တည်ထောင်ခြင်း၊ ပုဂ္ဂလိကလွှဲပြောင်းရေးနှင့် ရယူရေးစသည်တို့ကိုလုပ်ဆောင်ပြီး ဒဂုန်အုပ်စုအား စီးပွားရေးလုပ်ငန်းသစ်များ ဆောင်ရွက်ခြင်းဖြင့်လုပ်ငန်းကဏ္ဍသစ်များ ကိုဆောင်ရွက်လုပ်ကိုင်စေသည်။
သူသည် မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ပလစ် လိမီတက် (Myanmar Thilawa SEZ Public Holdings Company) ၏ စီမံကိန်းဒါရိုက်တာလည်းဖြစ်ပြီး အခြေခံအဆောက်အအုံ၊ လူနေအိမ်များ နှင့်စက်မှုလုပ်ငန်း အထောက်အပံ့ဖြစ်စေရေးဆိုင်ရာ အဆောက်အဦးများကို သတ်မှတ်ချိန် အတွင်း ပြီးစီးရေး အတွက် စီမံကိန်းများကို တာဝန်ယူဆောင်ရွက်နေပါသည်။သူသည် ၂၀၀၄ ခုနှစ်တွင်ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို.ရှိ Westminster တက္ကသိုလ်မှ စီးပွားရေး ဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှုပညာဘာသာရပ်(Business information Management in Finance) ဖြင့်ဝိဇ္ဇာဘွဲ့ ကိုရရှိခဲ့သည်။ ဦးသူရိန်အောင်သည်MAEX ၏ ဒါရိုက်တာရာထူးကို(၂၀၁၅)ခုနှစ်မှစတင်ထမ်းဆောင်လျက်ရှိပါသည်။

U Thurane Aung is a Non- Executive Director of our Company. He is the son of our Company’s Chairman U Win Aung and the son- in-law of one of our Company’s Vice Chairmen U Sit Lwin. He is currently the Chief Executive Officer of Dagon Group, which is one of the leading conglomerates in Myanmar, with diversified businesses in various sectors including property development and construction, hospitality, timber, agriculture, commodity trading, plantation, retail and distribution, petroleum, automobile and food processing.
With regard to Dagon Group, he works on business growth strategies and expansion plans and actively leads and works on new business ventures as part of Dagon Group’s expansion into new industries in Myanmar.
He is also the project director of Myanmar Thilawa Special Economic Zone Public Holdings Company and ensures that all the projects in relation to infrastructure, residential and industrial facility are progressing within the time schedule.
He holds a Bachelor of Arts (BA) in Business Information Management in Finance, which he obtained from University of Westminster, UK, in 2004.
U Thurane Aung has been serving as a Director of MAEX since 2015.

ဦးဘုန်းဘုန်းနိုင်
U Phone Phone Naing

ဦးဘုန်းဘုန်းနိုင်သည်MAEX အမှုဆောင်မဟုတ်သော ဒါရိုက်တာတစ်ဦးဖြစ်ပြီး စာရင်းစစ်ကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါ သည်။ သူသည်ဒဂုန်ကုမ္ပဏီများ အုပ်စု၏ ဖြန့်ဖြူးရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် လျက်ရှိသည်။ ကုန်သွယ်မှုလုပ်ငန်းကို ကာလကြာမြင့်စွာ လုပ်ကိုင်ခဲ့ခြင်းမှ ရရှိခဲ့ သော စားသုံးသူများ၏ လိုအပ်ချက်များနှင့် အရသာခံစားမှုများကို သိရှိခြင်းနှင့် ဖေါ်ထုတ်နိုင်ခြင်း အတွေ့အကြုံ များကို ယူဆောင်လာပါသည်။
Global Sky Company ကိုတည်ထောင်ခြင်းဖြင့်သူ၏စီးပွားရေးလုပ်ငန်းသည် ဂျပန်/ ထိုင်းနိုင်ငံ တို့မှ တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဖိလစ်ပိုင်နိုင်ငံမှ လူသုံးကုန် ပစ္စည်းများ၊ ထိုင်းနိုင်ငံမှ သစ်သီးနှင့်ဟင်းသီးဟင်းရွက်အဖျော်ယမကာများ၊ ဖိလစ်ပိုင်နှင့် အမေရိကန်မှ စားသောက်ကုန်နှင့် အဖျော်ယမကာများ နှင့် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် စာသောက်ကုန်များ အထိ တိုးချဲ့ လုပ်ဆောင်ခဲ့သည်။
သူသည် ဘောဂဗေဒဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ် (Illinois )၊ ဂေးလ်စ်ဘတ် (Galesburg) ရှိ နောခ်စ် ကောလိပ် (Knox College) မှရရှိခဲ့သည်။
ဦးဘုန်းဘုန်းနိုင်သည်MAEX၏ ဒါရိုက်တာရာထူးကို (၂၀၁၅)ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိသည်။

U Phone Phone Naing is a Non- Executive Director of our Company. He is the brother-in-law of our Director U Thurane Aung. He is currently the Managing Director of the distribution arm of Dagon Group. He has valuable experience in the trading business.
Through the Global Sky Company, he has expanded the business portfolio into personal hygiene products (from Japan/Thailand), personal care products (from Philippines), fruits and vegetables drink (from Thailand), food and beverage products (from Philippines/US) and locally grown and manufactured food.
He completed his BA in economics from Knox College, Galesburg, Illinois, United States.
U Phone Phone Naing has been serving as a director of MAEX since 2015.

ဒေါ်ရန်လင်း
Daw Yan Lin

ဒေါ်ရန်လင်းသည်MAEX၏ အမှုဆောင်မဟုတ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အမည်စာရင်းတင်သွင်းရေးကော်မတီနှင့် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်ပါသည်။သူမသည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်(GLAD)တွင်လည်း ဒါရိုက် တာတစ်ဦး ဖြစ်ပါသည်။ ဒေါ်ရန်လင်းသည် ကမ္ဘာအေးဘုရားလမ်း၍ ဆန်းသစ်လွင် ဖက်ရှင်နှင့် အပ်ချုပ်လုပ်ငန်းအား ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ကိုရီးယား ဆွဲသားစများကို စတင်တင်သွင်းဖြန့်ဖြူးရောင်းချရင်း အပ်ချုပ်လုပ်ငန်းများကို တွဲလျက်လုပ်ကိုင်ခဲ့ပါသည်။ ကမာရွက် ဆင်မလိုက်ဈေးအနီးတွင် ဆန်းသစ် ဖက်ရှင်နှင့် အပ်ချုပ်လုပ်ငန်းကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ မေလမှစ၍ ယုဇနပလာဇာတွင် မေလင်း ဖက်ရှင်ဆိုင်ကို ဖွင့်လှစ်ရောင်းချ လျှက်ရှိပါသည်။
ယခုနှစ်ဇွန်လတွင် မေလင်းဖက်ရှင်ဆိုင်ကို ရန်ကုန် အင်းစိန်လမ်းမကြီး၊ ဘူတာရုံမှတ်တိုင်အနီးတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားပါသည်။ သူသည် မန္တလေးတက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြစ့် ဘွဲ့ရရှိသူတစ်ဦးဖြစ်သည်။ ဒေါ်ရန်လင်းသည်MAEX၏ ဒါရိုက်တာရာထူးကို (၂၀၁၅)ခုနှစ်မှ စတင်ထမ်းဆောင်လျက် ရှိပါသည်။

Daw Yan Lin has been serving as a Non- Executive director of MAEX since 2015. She is also a director at Golden Land East Asia Development Ltd and the managing director of San Thit Lwin Company, which imports clothing material and fabrics from Korea, Thailand and China. She also owns and operates San Thit Lwin Fashion and Tailoring and May Lin Fashion store.She graduated from the University of Mandalay and holds a degree majoring history.

ဦးမင်းစိန်
U Min Sein

ဦးမင်းစိန်သည်MAEX၏ အမှုဆောင်မဟုတ်သော ဒါရိုက်တာတစ်ဦးဖြစ်ပြီး စာရင်းစစ်ကော်မတီအဖွဲ့ဝင် လည်းဖြစ်ပါသည်။ သူသည်ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး လီမိတက်(GLAD)တွင်လည်း ဒါရိုက်တာတစ်ဦး ဖြစ်ပါသည်။ပထမပုဂ္ဂလိကဘဏ်လီမိတက်တွင် ဒါရိုက်တာအဖြစ်(၃)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဟသာၤတမြို့ပထမပုဂ္ဂလိကဘဏ်ခွဲဖွင့်လှစ်နိုင်ရေးပါဝင်ဆောင်ရွက်ခဲ့ပါသည်။ဦးမင်းစိန်သည်ဟသာၤတမြို့တွင်လက်ဆောင်မွန်မီနီမားကက်ဆိုင်လုပ်ငန်း၊ ရာသီထွက်သီးနှံ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောင်းကုန်းမြို့တွင် အဖျော်ယမကာစက်ရုံလုပ်ငန်း၊ ချောင်းသာ ကမ်းခြေတွင် အသေးစားငွေချေးလုပ်ငန်း၊ တည်းခိုခန်းလုပ်ငန်း၊ ဖုန်းငွေဖြည့်ကဒ် ဖြန့်ချီရေးလုပ်ငန်းနှင့် ရန်ကုန်မြို့တွင် City View Services Co.လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါသည်။
ဦးမင်းစိန်သည်MAEX၏ဒါရိုက်တာအဖြစ်(၂၀၁၅)ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။ ဦးမင်းစိန်သည် ရန်ကုန်လုပ်သားများကောလိပ်မှ B.A(Philosophy)ဘွဲ့ကို ၁၉၇၇ ခုနှစ်တွင် ရရှိခဲ့ပါသည်။

U Min Sein has been serving as our Company’s Non- Executive Director as well as audit committee member. He is also a director at Golden Land East Asia Development Ltd (GLAD). He has also served as the director for First Private Bank Ltd. for three years and played an integral role in the opening of the Hindatha Bank Brach of First Private Bank Ltd.
U Min Sein is involved in different business sectors such as operation of Let Saung Mon Mini Markets in Hinthada City, trading of seasonal fruits, brewery in Kyaung Kone City, Microfinance and Motels at Chaung Tha Beach, Mobile Top Up Card Distribution Service and City View Real Estate and Property Service in Yangon. He has been serving as MAEX’s director since 2015. He graduated from Yangon Workers’ College with B.A (Philosophy) Degree in 1977.

ဒေါ်အေးအေးအောင်
Daw Aye Aye Aung

ဒေါ်အေးအေးအောင်သည် MAEX၏ အမှုဆောင်မဟုတ်သော ဒါရိုက်တာတစ်ဦးဖြစ်ပြီး အခကြေးငွေသတ်မှတ်ရေးကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် လည်းဖြစ်ပါသည်။
ဒေါ်အေးအေးအောင်သည် အင်ဂျင်နီယာဘွဲ့ကို အီလက်ထရွန်နစ် ဘာသာ ဖြင့်ဘွဲ့ရရှိသူ တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိအမှတ် ပြု Professional Engineer(P.E) တစ်ဦးလည်းဖြစ်ပါသည်။ AFEO Governing Board ၏ ASEAN ENGINEER အသိအမှတ်ပြု လက်မှတ်အား ၂၀၁၄ ခုနှစ်၌ ဘရူနိုင်းနိုင်ငံမှ အပ်နှင်းခြင်း ခံခဲ့ရ ပါသည်။ ထို့အပြင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့(M.B.A) ကို ၂၀၀၂ ခုနှစ် တွင်လည်း ရရှိခဲ့ပါသည်။
ဒေါ်အေးအေးအောင်သည် ၁၉၉၅ ခုနှစ်မှစတင်၍ Asia World Co., Ltd တွင် အလုပ် စတင်ဝင်ရောက်ခဲ့ပါသည်။ ၎င်းနောက်တွင် Asia Word Industries Ltd နှင့်ပတ်သက်သည့်PP Woven Bag Factory နှင့်Myanmar Paper Mill Factory တို့၏ ဒါရိုက်တာ တစ်ဦးအဖြစ် ၂၀၀၉ ထိတာဝန်ယူခဲ့ပါသည်။
ဒေါ်အေးအေးအောင်သည် Asia Mega Link Co.,Ltd တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ်လည်းကောင်း၊ Asia Mega Link Services Co., Ltdတွင် ဒါရိုက်တာတစ်ဦးအဖြစ်လည်းကောင်း ၂၀၀၉ ခုနှစ်ကတည်းက သတင်း အချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာဆက်စပ်လုပ်ငန်းများ၊ မိုဘိုင်း စခန်းနှင့် ဖိုင်ဘာသွယ်တန်းခြင်း ဆိုင်ရာတပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ဖုန်းငွေ ဖြည့်ကဒ်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါသည်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်း ပညာကဏ္ဍတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာဝန်တို့ကိုလည်း ထမ်းဆောင်လျှက်ရှိပါသည်။သူမသည် ရတနာပုံတယ်လီပို့ အများနှင့် သက် ဆိုင်သောကုမ္ပဏီလီမိတက်တွင်လည်း ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါသည်။
သူမပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ထုတ်လုပ်ရောင်းချခြင်း၊သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍနှင့် ပတ်သက်သည့်လုပ်ငန်းများဖြစ်သော မိုဘိုင်းစခန်းနှင့် ဖိုင်ဘာသွယ်တန်းခြင်းဆိုင်ရာတပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဖုန်းငွေဖြည့်ကဒ် များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ကြိုးတပ်နှင့် မိုဘိုင်း ကွန်ယက်ဆိုင်ရာ အင်ဂျင်နီယာဝန်ဆောင်မှုလုပ်ငန်းများ၊ ဖိုင်ဘာသွယ်တန်း ခြင်းစီမံကိန်းလုပ်ငန်းများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံဖြိုးတိုးတက်ရေး စီမံကိန်းတွင် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် လေဆိပ်၊ ဆိပ်ကမ်း၊ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှုအရပ်ရပ် ဆောင်ရွက်ပေးခြင်းအပြင် အခြားစီးပွားရေး ဆိုင်ရာကဏ္ဍ အပါအဝင် လုပ်ငန်းကဏ္ဍမျိုးစုံတွင် လုပ်ငန်းများဆောင်ရွက် လျှက်ရှိပါသည်။
ဒေါ်အေးအေးအောင်သည် MAEX၏ဒါရိုက်တာအဖြစ်(၂၀၁၈)ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။

Daw Aye Aye Aung has been serving as our Company’s Non- Executive Director as well as remuneration and management committee member.
Daw Aye Aye Aung holds a Bachelor Degree of Engineering in Electronics and holds a Professional Engineer (P.E)is certificate issued by the Myanmar Engineering Council. In 2014, she has also received the ASEAN ENGINEER Certificate issued by the AFEO Governing Board in Brunei. In addition, she holds a M.B.A from the University of Economics (Yangon) in 2012. She joined Asia World Co., Ltd. since 1995 and was the Director of Asia World Industries which ran operations such as PP Woven Bag Factory and Myanmar Paper Mill Factory till 2009.
She is the Managing Director of Asia Mega Link Co., Ltd. and the Director of Asia Mega Link Services Co., Ltd. Since 2009, she is responsible for and active in the IT related businesses, installation, implementation and maintenance of Mobile hubs, Telecommunications Centers and Fiber Optics cables and manufacturing and distribution of phone bill top up cards. She is also an Executive Committee member in the IT sector of the Yangon International Airport. She is also the director of Yatanarpon Teleport Public Co., Ltd.
The companies , she involved ,take part in the following businesses ;- Manufacturing and Trading, IT related businesses such as installation, implementation and maintenance of Mobile hubs, Telecommunications Center and Fiber Optics cables and manufacturing and distribution of phone bill top up cards, Telephone and Mobile network services, IT related development projects in the Yangon International Airport, Technological advancements in airports, ports and transportation sectors and other several different businesses sectors.
She has been serving as MAEX’s director since 2018.

ဦးစိုင်းထွန်းဝင်း
U Sai Tun Win

ဦးစိုင်းထွန်းဝင်းသည် အရှေ့မြောက်တံခါး သစ်သီးအများပိုင်ကုမ္ပဏီ ဥက္ကဌ နှင့် မူဆယ်မြို့ သစ်သီးဝလံ ကုန်စည်ဒိုင်၏ နာယက တစ်ဦး ဖြစ်ပါသည်။ သူသည် (၁၉၈၀-၁၉၈၁) ခုနှစ်အတွင်း မိုးကုတ်မြို့၌ ကျောက်မျက် ရတနာ တူးဖော်ခြင်းအား လုပ်ကိုင်ခဲ့ပါသည်။ (၁၉၈၂) ခုနှစ်တွင် ကျောက်မဲမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်၍ မန္တလေးသို့ တင်ပို့ရောင်းချ ခဲ့ပါသည်။
ထိုနောက် သမဝါယမ ဦးစီး ဌာနတွင်(၄)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။(၁၉၈၈)ခုနှစ်တွင် မူဆယ်မြို့၌ သစ်သီးဝလံရောင်းဝယ်ခြင်း လုပ်ငန်းများအား စတင် လုပ်ကိုင်၍ ဖရဲသီး၊ သရက်သီးများအား တရုတ်နိုင်ငံ ရွှေလီမြို့သို့ ဈေးကွက် စတင်ဖြန့်ချီရောင်းချခြင်းအား လုပ်ဆောင်ခဲ့ပါသည်။ (၁၉၉၅)ခုနှစ်တွင် မှုဆယ်မြို့၌ သစ်သီးပွဲရုံများအသင်းကို ထူထောင် ခဲ့ပြီး (၂၀၀၀) ခုနှစ်မှစ၍ ဥက္ကဌ အဖြစ်စတင်တာဝန်ယူခဲ့ပါသည်။ (၂၀၁၅)
ခုနှစ်တွင် သစ်သီးပွဲရုံ (၁၅)ရုံ စုပေါင်း၍ အရှေ့မြောက် တံခါး သစ်သီးအများပိုင် ကုမ္ပဏီအား စတင်တည်ထောင်ခဲ့ပြီး စတင် ဖွဲ့စည်းချိန်မှစ၍ ယနေ့ထိ ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရွှေသီးနှံစိုက်ပျိုးရေးကုမ္ပဏီ၊ ထိုင်ဝမ်ပွဲရုံ တို့ တွင်လည်း ဥက္ကဌအဖြစ် ဆောင်ရွက်လျှက် ရှိပါသည်။
ဦးစိုင်းထွန်းဝင်းသည် (၂၀၀၇) ခုနှစ်မှ (၂၀၁၇) ခုနှစ်ထိ မူဆယ်မြို့ သစ်သီး ဝလံကုန်စည်ဒိုင် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ နာယက တစ်ဦး အဖြစ် ဆောင်ရွက်နေပါသည်။

U Sai Tun Win is the Chairman of North East Gate Fruit Public Company Limited and is a patron of the Muse City Fruits Wholesaler Association.
From 1980 to 1981, he was involved in the Gems mining business in Mogok City. In 1982, he was extened in the Agriculture and Livestock businesses and distributed the products to Mandalay. He served in the Ministry of Cooperatives for (4) years. In 1988, he started fruits trades business in Muse City where which he exported Papaya and Mangoes to Shwe Li, City in China. In 1995, the Muse City Fruits Wholesaler Association was founded and he served as the Chairman starting from 2000. In 2015, North East Gate Fruit
Public Limited was formed by 15 Fruits wholesalerswhere he has been the Chairman since the establishment of the Public company. In addition, he is also the Chairman of Shwe Fruits and Vegetables Agriculture Company and Taiwan Wholesalers Warehouse.U Sai Tun Win served as the Vice Chairman of the Muse City Fruits Wholesaler Association from 2007 to 2017 after which he now serves as an patron.

ဦးကျော်ဇောအောင်
U Kyaw Zaw Aung

ဦးကျော်ဇောအောင်သည် MAEX အမှုဆောင်မဟုတ်သော ဒါရိုက်တာဖြစ်သည်။ သူသည် ဒဂုန် ကုမ္ပဏီအုပ်စုတွင် ဒါရိုက်တာဖြစ်ပြီးဒဂုန်အုပ်စု၌ ၁၉၉၆ ခုနှစ်တွင်စတင်လုပ် ကိုင်ခဲ့သည်။ သူသည်အများပိုင် ကုမ္ပဏီနှစ်ခု ဖြစ်သည့် (MAPCO = Myanmar Agribusiness Public Corporation) မြန်မာစိုက်ပျိုးစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း၏ ကနဦးတည်ထောင်သူ(Founder) ဒါရိုက်တာ အဖ့ွဲဝင်နှင့် United Group of Trading ကုန်သွယ်ရေးစုပေါင်းအုပ်စု၏ ဘုတ်အဖွဲ့တွင် ဒဂုန်အင်တာနေရှင်နယ်လီမိတက်၏ ကိုယ်စားလှယ် အဖြစ်လည်းတာဝန်ထမ်းဆောင်နေသည်။
သူသည် (UMFCCI = Union of Myanmar Federation of Chamber of Commerceand Industry) ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် (MRF = Myanmar Rice Federation) မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ တွင် တက်ကြွသော အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။
သူသည်ရန်ကုန်တက္ကသိုလ်မှကုန်ထုတ်ဓါတုဘာသာရပ်ဖြင့်ဂုဏ်ထူးတန်းသိပ္ပံဘွဲ့ရတစ်ဦးဖြစ်သည်။ဆက်လက်၍ဂျပန်နိုင်ငံတွင်ဆန်ကြိတ်စက်နည်းပညာသင်တန်းကိုစာတာကေးအင်ဂျင်နီးယားရင်းလီမိတက် Satake Engineering Limited ၏ လက်အောက်တွင် တက်ရောက်ခဲ့သည်။
ဦးကျော်ဇောအောင်သည် MAEX ၏ဒါရိုက်တာရာထူးကို (၂၀၁၅)ခုနှစ်မှ စတင်ထမ်းဆောင်လျက်ရှိသည်။

U Kyaw Zaw Aung has been serving as a Non- Executive director at MAEX since 2015. He is currently a director of Dagon Group. He joined Dagon Group in 1996. He also sits on the board of 2 public companies, Myanmar Agribusiness Public Corporation (MAPCO) and United Group of Trading as a nominee of Dagon Group. He is also an active member in NGOs such as an Executive Committee Member of The Republic of the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) and Myanmar Rice Federation (MRF).
He graduated with Bachelor Science in Industrial Chemistry (Hons) from Yangon University. Further, he attended the rice milling technology training in Japan under the Stake Engineering Limited.

BOARD OF DIRECTORS AND COMMITTEE

Management Personnel
ဦးအောင်ကြီး
U Aung Gyi

ဦးအောင်ကြီးသည် MAEX၏ အမှုဆောင် အရာရှိချုပ် ဖြစ်သည်။ သူသည် ဒဂုန် ကုမ္ပဏီ များအုပ်စုတွင် ဒါရိုက်တာဖြစ်ပြီးသူသည်Dagon Group of Companies သစ်လုပ်ငန်းဌာနတွင် ရာထူးအမျိုးမျိုး ဖြင့် တာဝန်ထမ်းဆောင်နေစဉ် က တစ်နိုင်ငံလုံး သိုပစ္စည်း သယ်ယူပိုဆောင် ရေး တာဝန် ယူခဲ့သည်။ ဒဂုန်အုပ်စုသို့အလုပ် မဝင်မီက စာရင်းစစ်ချုပ်ရုံး တွင် (၇)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ဝါဏိဇ္ဖဗေဒဘာသာ ရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ဦးအောင်ကြီးသည် MAEX၏ အမှုဆောင်အရာရှိချုပ်ရာထူးကို ၂၀၁၅ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။

U Aung Gyi is CEO of MAEX. He is also serving as a Director in Dagon Group of Companies. He has been in nationwide logistic while serving in various position under the Timber Department in Dagon Group. Prior to joining Dagon Group, he worked at the Office of Auditor General for almost 7 years.
He gained Bachelor Degree for Commerce from Yangon Institute of Economics in 1984.

U Myo Thaw Khaing
CFO

ဦးမျိုးသော်ခိုင်သည်MAEX ၏ ဘဏ္ဍာရေး အရာရှိချုပ် ဖြစ်သည်။ဖန်ချက်စက်ရုံ (သန်လျှင်) ဘဏ္ဍာရေးဌာန တွင် စာရင်းကိုင်အဖြစ် (၅)နှစ် နှင့် စီမံကိန်း နှင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန တွင်ဒု-စီမံကိန်းမှူးအဖြစ် (၆)နှစ် တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ထို့နောက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် Berger International Public Company Limited (Singapore) တို့ Joint Venture လုပ်ကိုင် သော Berger Paints Manufacturing Co., Ltd. ၊ NIBBAN ELECTRIC & ELECTRONICS ၊ RedLink Communications Co., Ltd. ၊ Diamond Palace Group of Companies စသော လုပ်ငန်းများ တွင် Financial Controller အဆင့်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ သည်။ သူသည် ရန်ကုန်စီးပွား ရေး တက္ကသိုလ် မှ ဝါဏိဇ္ဇဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce မှ Master of Business Administration (MBA) ဘွဲ့ကို International Business အထူးပြုဘာသာရပ်ဖြင့် ရရှိခဲ့ပါသည်။ ထို့အပြင် အင်္ဂလန်နိုင်ငံ London Chamber of Commerce and Industry မှ Accounting Certificate ၊ Cost Accounting Certificate နှင့် BM TRADA (MALAYSIA) SDN BHD မှ Internal Quality Audit Certificate တို့ကိုလည်း ရရှိခဲ့ပါသည်။ ဦးမျိုးသော်ခိုင်သည် MAEX ၏ ဘဏ္ဍာရေးအရာရှိချုပ်ရာထူးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ တာဝန်ထမ်းဆောင် လျက်ရှိပါသည်။

U Myo Thaw Khaing is Chief Financial Officer of MAEX. Prior to join MAEX, he worked at Glass Factory (Thanlyin) as an Accountant for 5 years, Planning Department, Ministry of Planning and Finance as Deputy Planning Officer for 6 years, Berger Paints Manufacturing Co., Ltd., NIBBAN Electric and Electronics, RedLink Communications Co., Ltd., and Diamond Palace Group of Companies up to Financial Controller. He holds the B. Com degree from Institute of Economics (Yangon) in 1982 and Master of Business Administration (MBA) degree from University of The Thai Chamber of Commerce in 2014. He also received the Accounting, Cost Accounting Third Level Certificate from London Chamber of Commerce and Industry and Internal Quality Audit Certificate from BM TRADA (MALAYSIA) SDN BHD. He has been serving as a Chief Financial Officer of MAEX since December, 2019.

 Daw Khin Khin Maw
CA

ဒေါ်ခင်ခင်မော်သည် MAEX ၏ စာရင်းကိုင်ချုပ် ဖြစ်သည်။ သူမသည် စာရင်းကိုင်ချုပ်အဖြစ် အမှတ်(၂) အထပ်သားစက်ရုံနှင့် Ruby Lion Company Ltd. ပူးပေါင်း၍ Joint Product အဖြစ်လုပ်ကိုင်သော လုပ်ငန်းတွင် (၁၂)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ထို့နောက် Global Myanmar Services Co., Ltd မော်တော်ယာဉ် ရောင်းချသည့်ကုမ္ပဏီတွင် (၅)နှစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါသည်။ သူမသည်ရန်ကုန်စီးပွား ရေး တက္ကသိုလ်မှ ဝါဏိဇ္ဖဗေဒ (စာရင်းကိုင်) ဘွဲ့ရ ရှိပြီး၊ မြန်မာနိုင်ငံစာရင်း ကောင်စီမှ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (C.P.A) တစ်ဦးဖြစ်ပါသည်။ ၂၀၁၆ ဒီဇင်ဘာလတွင် အင်္ဂလန်နိုင်ငံ ACCA မှ Diploma in International Financial Reportionအောင်လက်မှတ်ရရှိထားသူလည်းဖြစ်ပါသည်။ ဒေါ်ခင်ခင်မော်သည် MAEX ၏ စာရင်းကိုင်ချုပ်ရာ ထူးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်၍ တာဝန် ထမ်းဆောင်လျှက်ရှိသည်။
Daw Khin Khin Maw is the Chief Accountant of MAEX. She is the Chief Accountant of No. 2 Plywood Factory and Ruby Lion Company Ltd as a joint product for 12 years. ှShe then worked for Global Myanmar Services Co., Ltd for 5 years. She graduated from Yangon Economics University in 1964 and holds a degree in Accounting. She is also a Certified Public Accountant accredited by the Myanmar Accounting Council. In December 2016, she received his
Diploma in International Financial Reporting from ACCA, UK. Daw Khin Khin Maw has been the Chief Accountant of MAEX since November 2016.