Board Committee

Organization Chart

 

ဘုတ်ကော်မတီများ
Board Committees

Our Directors recognize the importance of corporate governance and the maintenance of high standards of accountability to our Shareholders, and have adopted the Corporate Governance Policies, Principles & Guidelines. Our corporate governance practices are generally consistent with prevailing international principles, to the extent reasonably practicable, taking into account local conditions in Myanmar. The Board Committee is responsible for reviewing the performance of C- level on annual basics.

ကျွန်ုပ်တို့ ကုမ္ပဏီ၏ ဒါရိုက်တာများသည် ကော်ပိုရိတ်စီမံအုပ်ချုပ်ရေးနှင့် ရှယ်ယာရှင်များအပေါ် တာဝန်ခံမှု အပြည့်ရှိခြင်းတို့၏ အရေးပါခြင်းကို နားလည်သည့် အားလျှော်စွာ ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒများ၊ အခြေခံမူများနှင့် လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးလျက်ရှိပါသည်။ ကျွနု်ပ်တို့၏ မူများသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုရှိသည်သာမက မြန်မာပြည်အခြေအနေပေါ်တွင် လက်တွေ့ကျင့်သုံးနိုင်သည့် မူများဖြစ်ပါသည်။ ဘုတ်အဖွဲ့ကော်မတီ သည် C-level ၏စွမ်းဆောင်ရည်ကိုနှစ်စဉ်အခြေခံမှုအပေါ်ပြန်လည်သုံးသပ်ရန်တာဝန်ရှိသည်။

Independent Directors
Our Company has appointed three independent directors with a view to making the Board stronger and independent. The three independent directors are U Tin Htut Oo, U Aung Nyunt and Dr. Zaw Oo.

လွတ်လပ်သော ဒါရိုက်တာများ
ကျွပ်တို့ ကုမ္ပဏီသည် ဘုတ်အဖွဲ့အစည်း ခိုင်မာပြီး ဘက်လိုက်မှုကင်းစေရန်အတွက် လွတ်လပ်သော ဒါရိုက်တာ(၃)ဦး ခန့်အပ်ထားပါသည်။ ၎င်းတို့မှာ ဦးတင်ထွဋ်ဦး၊ ဦးအောင်ညွှန့် နှင့် ဒေါက်တာဇော်ဦး တို့ ဖြစ်ပါသည်။

ဘုတ်အဖွဲ့ကော်မတီများ
ကျွန်ုပ်တို့ ဘုတ်အဖွဲ့က ကော်မတီ်(၄)ရပ်ကို ဖွဲ့စည်းပြီးဖြစ်ရာ (က) စာရင်းစစ်ကော်မတီ (ခ) အမည်စာရင်း တင်သွင်းရေးကော်မတီ (ဂ)အခကြေးငွေသတ်မှတ်ရေးကော်မတီ နှင့် (ဃ)စီမံခန့်ခွဲရေး ကော်မတီ တို့ဖြစ်သည်။

Board Committee

Our board has established four (4) committees: (a) the Audit Committee (b) the Nomination Committee (c) Remuneration Committee and (d) Management Committee.

စာရင်းစစ်ကော်မတီ
စာရင်းစစ်ကော်မတီဝင်များတွင် ဦးအောင်ညွှန့်၊ ဦးသောင်းတင် ဦးစစ်လွင် နှင့် ဦးမင်းစိန်တို့ ပါဝင် ကြပါသည်။ စာရင်းစစ်ကော်မီတီ၏ ဥက္ကဌမှာ ဦးအောင်ညွှန့် ဖြစ်ပါသည်။ ဦးအောင်ညွှန့်သည် ကုမ္ပဏီ၏ လွတ်လပ်သော ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။
ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီသည် စီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ တာဝန်ဝတ္တရားများဖြစ်သော ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများအား ကာကွယ်ရေး၊ လုံလောက်သော ငွေစာရင်းမှတ်တမ်းများကို ထားရှိထိန်းသိမ်းရေး၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုများနှင့်ပတ်သတ်ပြီး ကောင်းမွန်သောအဖွဲ့အစည်းအုပ်ချုပ်မှု ကိုဖော်ဆောင်နိုင်ရန် ရှယ်ယာရှင် ရင်းနှီးမြှုပ်နှံသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် ဌာနတွင်း ဆိုင်ရာ ထိရောက်သောအတွင်း ထိန်းချုပ်မှုစနစ်များထားရှိကာ ကုမ္ပဏီ၏ရည်မှန်းချက်များကို ပြည့်မီရန်အတွက် ကျွန်ုပ်တို့ စာရင်းစစ်ကော်မတီက ကျွန်ုပ်တို့ဘုတ်အဖွဲ့၊ ကျွနု်ပ်တို့စီမံအုပ်ချုပ်ရေးပိုင်းနှင့် ကျွန်ုပ်တို၏ ပြင်ပစာရင်းစစ် များအကြား စာရင်းစစ်သည့်ကိစ္စများနှင့်ပတ်သက်၍ ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုကို ထားရှိပါသည်။ ကျင့်ဝတ်စည်းမျဉ်းများနှင့်ပတ်သတ်ပြီးလဲ ကျွန်တော်တို့ မြန်မာအက်ဂရိုအိတ်ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာမူဝါဒများတွင် ပြဌာန်းထားသည်များနှင့်အညီ ကော်မတီမှ ပြန်လည်စစ်ဆေးစောင့်ကြည့်ကာ အကောင်အထည်ဖော်လျက်ရှိပါသည်။
၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလအတွင်း စာရင်းစစ်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ခြင်းမရှိပါ။

Audit Committee
The Audit Committee comprises of U Aung Nyunt,U Thaung Tin, U Sit Lwin, and U Min Sein. The Chairman of the Audit Committee is U Aung Nyunt. U Aung Nyunt is an Independent Director of MAEX.
Our Audit Committee will assist our Board in discharging its responsibility to safeguard our asset, maintain adequate accounting records and develop, risk management to ensure good corporate governance and to safeguard shareholders investment and maintain effective systems of internal control, with the overall objective of ensuring that our management creates and maintains an effective control environment in our Company.Our Audit Committee will provide a channel of communication between our Board, our management and our external auditors on matter relating to audit. The Committee reviews and implements the Code of Conduct in accordance with the corporate governance policies of our Myanmar Agro-Exchange Public Company Limited.
From October 2019 to September 2020, there was no the Audit Committee Meeting.

အမည်စာရင်းတင်သွင်းရေးကော်မတီ
အမည်စာရင်းတင်သွင်းရေး ကော်မတီတွင် ဦးတင်ထွဋ်ဦး၊ ဦးရဲဘုန်းလှိုင် နှင့် ဒေါ်ရန်လင်း တို့ပါဝင်ကြသည်။ အမည်စာရင်းတင်သွင်းခြင်း ကော်မတီဥက္ကဌမှာ ဦးတင်ထွဋ်ဦးဖြစ်ပါသည်။ ဦးတင်ထွဋ်ဦးသည် ကုမ္ပဏီ၏အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အမည်စာရင်းတင်သွင်းခြင်း ကော်မတီ၏ တာဝန်များမှာ – ဒါရိုက်တာသည် အစုရှင်များ၏ ရေရှည် အကျိုးစီးပွားကို မည်မျှမြှင့်တင်ပေးခဲ့သည်၊ မည်မျှလုပ်ဆောင်နိုင်သည်ကို မူတည်၍ ဒါရိုက်တာအမည်စာရင်းကို ပြန်လည် တင်သွင်းခြင်း၊ ဒါရိုက်တာတစ်ဦးသည် လွတ်လပ်သောဒါရိုက်တာဖြစ်/မဖြစ် နှစ်စဉ်ဆုံးဖြတ်ခြင်း နှင့် ဒါရိုက်တာတစ်ဦးသည် ဒါရိုက်တာတစ်ဦး၏တာဝန်များကို ကောင်းမွန်စွာ အကောင်အထည်ဖေါ်နိုင်ခြင်း ရှိ/ မရှိ၊ ရွေးချယ်ခန့်အပ်သော ဒါရိုက်တာတို့အား လိုအပ်သော Professional Education Program များကို ညှိနှိုင်းဆွေးနွေးပြီး စီစဉ်ပေးခြင်း တို့ကို ဆုံးဖြတ်ခြင်း တို့ ဖြစ်သည်။
ကော်မတီသည် ဒါရိုက်တာအဖွဲ့၏ စွမ်းဆောင်ရည်အား မည်သို့အကဲဖြတ် သုံးသပ်ရမည်ကို ဆုံးဖြတ်၍ လက်တွေ့ကျသော ဆောင်ရွက်မှုစံနှုန်းမှတ်ကျောက်များကို အဆိုပြုတင်ပြရမည်ဖြစ်ရာ ယင်းအချက်တွင် ဒါရိုက်တာအဖွဲ့အနေဖြင့် အစုရှယ်ယာပိုင်ရှင်၏ ရေရှည်အကျိုးစီးပွားအား မည်မျှ မြှင့်တင်ပေးနိုင်ခဲ့သည်ကို အဆိြုပုတင်ပြရမည်။ ယင်းသို့တင်ပြရန် အမည်စာရင်းတင်သွင်းရေး ကော်မတီ အနေဖြင့် ဒါရိုက်တာ အဖွဲ့တစ်ခုလုံးအနေဖြင့် ထိရောက်စွာ အကောင်အထည်မှုကိုလည်းကောင်း၊ ဒါရိုက်တာတစ်ဦးချင်းစီ၏ ပါဝင်ဆောင်ရွက်မှုကို လည်းကောင်း၊ အကဲဖြတ်သုံးသပ်ရာတွင် ကျင့်သုံးရမည့် လုပ်ငန်းစဉ်တစ်ရပ်အား အကောင်အထည်ဖေါ် ချမှတ်ထားပြီးဖြစ်သည်။ အမည်တင်သွင်းရေးကော်မတီဝင် တိုင်းသည် ၎င်းကိုယ်တိုင်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်သုံးသပ်ခြင်း (သိုမဟုတ်) ဒါရိုက်တာအဖြစ် အမည်တင်သွင်းခြင်း နှင့်ပတ်သက်သော အမည်တင်သွင်းရေးကော်မတီ၏ ဆင်ခြင်သုံးသပ်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းမှလည်းကောင်း၊ ယင်းတို့အတွက် အကြံပြုခြင်းမှလည်းကောင်း၊ ယင်းတို့ဆိုင်ရာ ဆုံးဖြတ်ချက် တစ်စုံတစ်ခု အလို့ငှာ မဲပေးခြင်း မှလည်းကောင်း ရှောင်ကြဉ်ရမည်။
၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလအတွင်း အမည်စာရင်းတင်သွင်းရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့ခြင်းမရှိပါ။

Nomination Committee
Our Nomination Committee comprises of U Tin Htut Oo, U Ye Phone Hlaing, and Daw Yan Lin. The Chairman of the Nomination Committee is U Tin Htut Oo. U Tin Htut Oo is a Non- Executive Independent Director of MAEX.
Our Nomination and Remuneration Committee is responsible for (a) re-nomination of our Directors having regard to a Director’s contribution and performance, (b) determining annually whether or not a Director is independent, and (c) deciding whether or not a Directors is able to and has been adequately carrying out his duties as a Director.
The Committee decides how to evaluate the Board’s performance and proposes objective performance criteria, subject to the approval of the Board, which address how the Board has enhanced long term Shareholder’s value. The Board intends to implement a process to be carried out by the Nominating Committee for assessing the effectiveness of the Board as a whole and for assessing the contribution by each individual Director to the effectiveness of the Board. Each member of the Nominating Committee is required to abstain from voting on any resolutions and making any recommendations and/or participating in any deliberations of the Nominating Committee in respect of the assessment of his performance or re-nomination as Director.
From October 2019 to September 2020, there was no the Nomination Committee Meeting.

အခကြေးငွေသတ်မှတ်ရေးကော်မတီ
အခကြေးငွေသတ်မှတ်ရေး ကော်မတီတွင် ဒေါက်တာဇော်ဦး၊ ဦးအောင်ဇော်ဦး နှင့် ဒေါ်အေးအေးအောင် တို့ ပါဝင်ကြသည်။ အခကြေးငွေသတ်မှတ်ရေး ကော်မတီဥက္ကဌမှာ ဒေါက်တာဇော်ဦးဖြစ်သည်။ ဒေါက်တာဇော်ဦးသည် ကုမ္ပဏီ၏ အမှုဆောင်မဟုတ်သောလွတ်လပ်သော ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။
ကော်မတီက ကျွန်ုပ်တို့ ဒါရိုက်တာများနှင့် အရေးပါသော အမှုဆောင်များအတွက် အခကြေးငွေ ဆိုင်ရာ မူဘောင်
တစ်ရပ် အား ကျွန်ုပ်တို့ဘုတ်အဖွဲ့သို့ အကြံပြုတင်ပြရန်လည်းကောင်း၊ ဒါရိုက်တာတစ်ဦးချင်းစီ နှင့် အရေးပါသော
အမှုဆောင် တစ်ဦးစီအတွက် အခကြေးငွေအတိအကျ သတ်မှတ်ပေးရန် တာဝန်ရှိသည်။ ဒါရိုက်တာကြေး၊ လစာများ၊ ခံစားခွင့်များ၊ ဆုကြေးများ၊ ကြိုတင်သတ်မှတ်ဈေးဖြင့် စတော့ရှယ်ယာ (ဝယ်/ရောင်းရန်) ရွေးချယ်ပိုင်ခွင့်နှင့် ပစ္စည်းအားဖြင့် အကျိုးခံစားခွင့် အပါအဝင်နှင့် ယင်းတို့ချည်းသာ မဟုတ်ဘဲ အခကြေးငွေဆိုင်ရာရှုထောင့် အားလုံးကို ဤကုမ္ပဏီ၏ အခကြေးငွေကော်မတီက ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။ ဤကုမ္ပဏီ၏ အခကြေးငွေ ပေးရေး ကော်မတီဝင် တိုင်းသည် ၎င်းတို့ကိုယ်တိုင်၏ အခကြေးငွေစု နှင့်ပတ်သက်သော အခကြေးငွေပေးရေးကော်မတီ၏ ဆင်ခြင်သုံးသပ်မှုတွင် ပါဝင် ဆောင်ရွက်ခြင်း မှလည်းကောင်း၊ ယင်းတွက်အကြံပြုခြင်း မှလည်းကောင်း၊ ယင်းဆိုင်ရာဆုံးဖြတ်ချက် တစ်ခုခု အလို့ငှာ မဲပေးခြင်းမှလည်းကောင်း၊ ရှောင်ကြဉ်ရမည်။
၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလအတွင်း အခကြေးငွေသတ်မှတ်ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့ခြင်းမရှိပါ။

Remuneration Committee
Our Remuneration Committee comprises of Dr. Zaw Oo, U Aung Zaw Oo and Daw Aye Aye Aung. The Chairman of the Remuneration Committee is Dr. Zaw Oo. Dr. Zaw Oo is a Non- Executive Independent Director of MAEX.
The committee also recommends to our Board a framework of remuneration for our Directors and key executives, and determining specific remuneration packages for each Director and key executives. The recommendations of our remuneration, including but not limited to Directors’ fees, salaries, allowances, bonuses, options and benefits in kind shall be covered by our Remuneration Committee. Each member of the Remuneration Committee is required to abstain from voting on any resolutions and making recommendations and/or participating in any deliberations of the Remuneration Committee in respect of his remuneration package.
From October 2019 to September 2020, there was no the Remuneration Committee Meeting.

စီမံခန့်ခွဲရေးကော်မတီ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စီမံခန့်ခွဲရေးကော်မတီတွင် ဦးသူရိန်အောင်၊ ဦးသောင်းတင်၊ ဦးအောင်ဇော်ဦး၊ ဦးဘုန်းဘုန်းနိုင်၊ ဒေါ်ရန်လင်း၊ ဒေါ်အေးအေးအောင်၊ ဦးရဲဘုန်းလှိုင် နှင့် ဦးအောင်ကြီး တို့ပါဝင်ကြပါသည်။ စီမံခန့်ခွဲရေးကော်မတီ၏ ဥက္ကဌမှာ ဦးသူရိန်အောင် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ စီမံခန့်ခွဲရေးကော်မတီသည် ကုမ္ပဏီအကျိုးစီးပွားတက်စေရန် ဒါရိုက်တာအဖွဲ့နှင့် အစုရှယ်ယာရှင် ပြည်သူများ၏ စိတ်ဆန္ဒ္ဒ္ဒသဘောထား အရ သွားစေချင်သော ဦးတည်ချက် ပန်းတိုင် ဆီ သို့ ရောက် ရှိစေရန် နည်းဗျူဟာ လမ်းစဉ်များ ကျမှတ်ဖော်တုတ်ပေးခြင်း ၊ ကုမ္ပဏီ၏ တန်ဖိုးထားရှိမူှ နှင့် ၎င်း၏အခြေခံသဘောတရားများနှင့်အညီ ကုမ္ပဏီ၏ ဝန်ထမ်းစီမံခန့်ခွဲခြင်း၊အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် စီမံအုပ်ချုပ်ရေးပိုင်ဆိုင်ရာ နှင့် လုပ်ငန်းများတွင် တိတိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းထားသော ကော်မတီ ဖြစ်ပါသည်။
၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလအတွင်း စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ၂၃.၇.၂၀၂၀ ရက်နေ့တွင် တစ်ကြိမ် ကျင်းပခဲ့ပါသည်။

Management Committee
For the (2018 – 2019) Financial Year, our Management Committee comprises of U Thurane Aung, U Thaung Tin, U Aung Zaw Oo, U Phone Phone Naing, Daw Yan Lin, Daw Aye Aye Aung, U Ye Phone Hlaing and U Aung Gyi . U Thurane Aung is the Chairman of the Management Committee.
Our Management Committee is responsible for (a) fomulating short term and long term stratagies which will guide the company in the ideal direction which the Board and stakeholders alike envision the company to be in. (b) Delegating and managing employees in a manner which is in line with the company’s values and principles. (c) Ensuring the effective management of the organisation and its activities.
From October 2019 to September 2020, the Remuneration Committee Meeting was held once and every committee members attend without absence.