Progress

တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက် နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေး တည်ဆောက်ရေးစီမံကိန်း

တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့်ပန်းမာန် လက်ကားဈေး တည်ဆောက်ရေးစီမံကိန်း
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း။

တညင်းကုန်း သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် ပန်းမာန် လက်ကားဈေး တည်ဆောက်ရေး လုပ်ငန်း စီမံကိန်းဧရိယာတွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို(၂.၄.၂၀၁၅)ရက်နေ့မှ စတင်လုပ်ကိုင်ခဲ့ပြီး ကိုင်းမြက်များ၊ ဒိုက်များရှင်းလင်းခြင်း၊ အမှိုက်ရောမြေများ ဖယ်ထုတ်၍ သဲဖို့ခြင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ Phuse.1 ဧရိယာ၏ (၁၀၀ %)ပြီးစီးပြီးဖြစ်ပါသည်။
Phase.1 ဧရိယာအတွင်း ဆက်လက် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ၏ ပြီးစီးမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

3 Storey Shop House တည်ဆောက်ခြင်းလုပ်ငန်းများ (၇၀ %)ပြီးစီးပြီး ဖြစ်ပါသည်။
4 Storey Shop House တည်ဆောက်ခြင်းလုပ်ငန်းများ (၅၀ %)ပြီးစီးပြီး ဖြစ်ပါသည်။
(8+8) ဈေးရုံ တည်ဆောက်ခြင်းလုပ်ငန်း  ( ၉၇ %)ပြီးစီးပြီး ဖြစ်ပါသည်။
(4+9) ဈေးရုံ တည်ဆောက်ခြင်းလုပ်ငန်း  ( ၉၇ %)ပြီးစီးပြီး ဖြစ်ပါသည်။
(10+11) Ground Market ဈေးရုံ တည်ဆောက်ခြင်းလုပ်ငန်း( ၅၀ %)ပြီးစီးပြီး ဖြစ်ပါသည်။
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် ၁၀”ထု ကျောက်ကြီးစီခြင်းလုပ်ငန်း( ၈၀ %)နှင့် ၁၄” ထု ကွန်ကရစ်
လမ်းခင်းခြင်း( ၇၀ %)ပြီးစီးပြီဖြစ်Phase.1 ဧရိယာလမ်းခင်းခြင်း ( ၇၅ %) ပြီးစီးပြီး ဖြစ်ပါသည်။
စီမံကိန်းPhase.1 ဧရိယာလုပ်ငန်းတစ်ခုလုံးပြီးစီးမှု ရာခိုင်နှုန်းမှာ ( ၇၀ %)ဖြစ်ပါသည်။
စီမံကိန်းPhase.1 ဧရိယာလုပ်ငန်းတစ်ခုလုံး ၂၀၁၇ ခုနှစ် မတ်လ ကုန်ဆောက်လုပ်ပြီးစီးမည်ဖြစ်ပါသည်။

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေး စီမံကိန်း
အကြီးစားပွဲရုံနှင့် လူနေဆိုင်ခန်း ( ၃ ထပ် )Shop House (3 Storey) ဆောက်လုပ်ပြီးစီးမှု အခြေအနေတင်ပြခြင်း

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေး စီမံကိန်း
သစ်သီးမျိုးစုံ ရောင်းချရေးဆိုင်ခန်းများ (၈+၈) ဈေးရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေတင်ပြခြင်း

တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေး စီမံကိန်း အပြည့်အစုံဖတ်ရန်