Profile

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းမြေ နေရာ အသုံးပြုခွင့်ပေးပြီး၊ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၊ (Private Private Partnership, PPP)အစီအစဉ် အရ ဆောင်ရွက်မည့် တညင်းကုန်းလက်ကားဈေးတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်း စီမံကိန်းအား ဒဂုန် အင်တာ နေရှင်နယ် လီမိ်တက်မှ အဓိကကန်ထရိုက်တာအဖြစ်လုပ်ဆောင်ရန်တင်ဒါရွေးချယ်အောင်မြင်ခဲ့ပြီးနောက် ကျွန်ုပ်တို့အများပိုင်ကုမ္ပဏီဖြစ်သည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက်(MAEX)ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ တင်ဒါပါ စည်းကမ်းချက်များအရ ဒဂုန် အင်တာနေရှင်နယ်လီမိတက်မှ အစုရှယ်ယာ၄၅%ကိုကမကထပြုသူ/မူလတည်ထောင်သူအနေဖြင့်ကနဦးမတည်၍မြန်မာအာဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမီတက်(Myanmar Agro Exchange Public Ltd. )ကိုတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် မြန်မာနိုင်ငံတွင် အထူးလေးစားမှုခံရပြီး မတူညီသောလုပ်ငန်း အများအပြားကိုလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် ဒဂုန်ကုမ္ပဏီများ အုပ်စုဝင်ကုမ္ပဏီများ အနက်တစ်ခု ဖြစ်ပါသည်။ ဒဂုန်ကုမ္ပဏီသည်ကုန်သွယ်မှုလုပ်ကိုင်သည့်ကုမ္ပဏီတစ်ခုအဖြစ်၁၉၉၀ ပြည့်နှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၂၅နှစ်တာ ကာလ အတွင်းတွင်စိုက်ပျိုးရေး၊အိမ်ခြံမြေနှင့်ဆောက်လုပ်ရေး၊ဟိုတယ်လုပ်ငန်း၊လက်လီလက်ကားဖြန့်ဖြူးရေး၊ကုန်ပစ္စည်းထုတ်လုပ်မှု၊မော်တော်ယာဉ်များ၊စားသောက်ကုန်၊ထောက်ပံ့ပို့ဆောင်ရေးစီမံမှု၊စွမ်းအင်ကဏ္ဍတို့အပါအဝင်လုပ်ငန်းမျိုးစုံလုပ်ကိုင်လျက်ရှိပါသည်။
မြန်မာအာဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမီတက်( MAEX )သည်ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၇၈၉/ ၂၀၁၅-၂၀၁၆ (ရက) ဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် ကုမ္ပဏီမှတ်ပုံတင် ခွင့်ခွင့်ပြုချက်ရရှိခဲ့ပါသည်။ မြန်မာအာဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမီတက်၏ မူလတည်ထောင်သူအနေဖြင့် ဒဂုန်အင်တာနေရှင်နယ် လီမိတက်နှင့် အတူအခြားအထင်ကရကုမ္ပဏီများမှာ Golden Land East Asia Development Ltd. (GLEAD), Willow Investment Co. Ltd and AungNaingThitsar Company Ltd.တို့ဖြစ်ပါသည်။ GLEADသည် Myanmar Thilawa SEZ Holdings Company (MTSH)၏ ကမကထပြုသူများအနက်တစ်ဦးဖြစ်၍MTSHသည် သီလဝါအထူး စီးပွား ရေး ဇုံဖွံ.ဖြိုးတိုးတက်ရေးအတွက် တည်ထောင်ထားသည့်ကုမ္ပဏီဖြစ်ပါသည်။ Aung Naing Thitsar Company Ltd သည် စိုက်ပျိုးရေးနှင့် ထောက်ပံ့သယ်ယူ ပို.ဆောင်ရေးလုပ်ငန်း လုပ်ဆောင်သည့်ကုမ္ပဏီဖြစ်ပါသည်။ Willow Investment Co. Ltdသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊လူသုံးကုန်ပစ္စည်းကုန်သွယ်ရေးလုပ်ငန်းအပြင် မြန်မာသီလဝါအထူးစီးပွားရေးဇုံဦးပိုင်များကဲ့သို့အခြေခံအဆောက်အအုံဆိုင်ရာစီးပွားရေးလုပ်ငန်းများတို.တွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပါသည်။
ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်း(Authorized Capital)သည် ၂၅,၀၀၀,၀၀၀,၀၀၀ိ/- (ကျပ်သန်းနှစ်သောင်းငါးထောင်တိတိ)ဖြစ်၍ အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀၀၀ိ/- (ကျပ်တစ်သောင်းတိတိ) တန် အစုရှယ်ယာပေါင်း (၂,၅၀၀,၀၀၀) ခွဲထားပါသည်။ အစုရှယ်ယာရှင်(၂၁)ဦးသည် ( ၁၅.၇၂ ) ဘီလီယံကျပ် အားမြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်လဲလှယ် ရောင်းဝယ်ရေးကော်မရှင်၌်(“SECM” = The Securities and Exchange Commission of Myanmar)အလားအလာညွှန်းတမ်းအတည် ပြုခြင်း မတိုင် ခင် ထည့်ဝင် ထားပြီးပထမအကြိမ် အများပြည်သူသို့ရှယ်ယာကမ်းလှမ်းရောင်းချခြင်း(IPO)ကိုရှယ်ယာ ၅၀၀,၀၀၀ စုကမ်းလှမ်း ရောင်းချမည်ဖြစ်ပြီး မူလရှယ်ယာ တစ်စု မူရင်းတန်ဖိုးကျပ် ၁၀၀၀၀ ပေါ်တွင် ၅% ပရီမီယံထပ်ပေါင်း၍အစုရှယ်တစ်စုအား ၁၀,၅၀၀ ကျပ်ဖြင့်ကမ်းလှမ်းရောင်းချမည်ဖြစ်သည်။
မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက်၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးကဏ္ဍ၌ Intergration နှင်. Supply chain ပိုမိုခိုင်မာတိုးတက် ခိုင်မာရေး လုပ်ငန်း များတွင် ရင်းနှီုးမြုပ်ခြင်းတို.ဖြစ်ပါသည်။

Corporate Profile
Our Company, MAEX was established after Dagon International Ltd won a tender to developed and manageDanyingone Wholesale Marketas a Public Private Partnership (PPP) model with Yangon City Development Committee (YCDC) by establishing a public company on 14 September 2015. Dagon International Limited made a commitment in the tender to establish a public company to carry out the business by Dagon International Ltd holding 45% of the shares to start with and allow public to hold shares in the newly formed Company. Dagon International Ltd is one of the Dagon Group of Companies member.  Dagon Group of Companies is one of the highly regarded and diversified Groups in Myanmar.  Dagon Company started its business in 1990 as a trading company, within 25 years it emerges as group of companies in various includes agriculture, property development and construction, hospitality management, retail and distribution, manufacturing, automobile, food, logistics and petroleum.
MAEX was incorporation is 1789 of 2015 -2016 YGN. Alongside Dagon International Ltd, other notable promoters of MAEX are Golden Land East Asia Development Ltd. (GLEAD), Willow Investment Co. Ltd and AungNaingThitsar Company Ltd. GLEAD is one of the founding members of Myanmar Thilawa SEZ Holdings Public Ltd to develop Thilawa Special Economic Zone. AungNaingThitsar Company Ltd. is agriculture and logistic businesses. Willow Investment Co Ltd is a company that invests in strategic infrastructure investments.
The Authorized Capital of the MAEX Company is Ks 25,000,000,000 divided into 2,500,000 shares of Ks 10,000 each. 21 shareholders invested 15.72 billion kyats before the Prospectus was approved by the SECM (Securities Exchange Commission Myanmar) on 11 January 2017 for the first IPO capital raising.500,000 shares were being put up for subscription with 10,000 kyats per share plus 5% share premium.
MAEX Company line of business is to invest in integration and strengthening of supply chain in agriculture sector.