MAEX – Yangon Stock Exchange (YSX)သို့ Listing Application တင်သွင်းခြင်း

မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)သည်  ၃.၂.၂၀၂၃ (သောကြာနေ့)တွင်ကျင်းပပြုလုပ် ခဲ့ သော ဒါရိုက်တာ အဖွဲ့အစည်းအဝေး(၃/၂၀၂၂-၂၀၂၃) အစည်း အဝေးဆုံးဖြတ်ချက်အရ ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) တွင် Listing လျှောက်ထားရန် သဘော တူဆုံးဖြတ်ချက်ခဲ့ကြပါသည်။

ယနေ့  ၂၀.၂.၂၀၂၃(တနင်္လာနေ့)နံနက်(၁၀း၀၀)နာရီကMAEX ၏Lead Manager- KBZ SC မှ ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) သို့ တက်ရောက်ရန်MAEX ၏ လျှောက်လွှာတင်သွင်းခြင်း အစည်း အဝေး ကို ရန်ကုန် စတော့ အိတ်(စ)ချိန်း (YSX ) တွင်ကျင်းပရာ ကုမ္ပဏီ၏ စီမံခန့်ခွဲ ရေးကော်မတီ အဖွဲ့ဝင်ဒါရိုက်တာ များ တက်ရောက်လျက် ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) တွင်Listing Application  အားတင်သွင်း လျှောက် ထားခဲ့ပါကြောင်း အစုရှယ်ယာရှင်များ သိရှိနိုင် စေရန် အသိ‌ပေး တင်ပြအပ်ပါသည်။