Share Information

အစုရှယ်ယာများစတင်ရောင်းချကြောင်း ကြေညာခြင်း။

 

မြန်မာအက်ဂရို အိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတတ် (Myanmar Agro Exchange Public Limited) (MAEX) ကို အမျိုးသား စီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်အမှတ် – ၁၇၈၉ / ၂၀၁၅ – ၁၆ (ရန်ကုန်)ဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်
ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတတ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းတွင် နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်လက်လီလက်ကား ဈေးသစ်ကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူပူးပေါင်းတည်ဆောက် ရင်းနှီးမြှပ်နှံပြီး လုပ်ငန်းလည်ပတ်ရန် ရည်ရွယ်ထားပါသည်။
မြန်မာအက်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ်လီမိတက် အနေဖြင့် အများပြည်သူများသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခွင့်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် ရက်စွဲပါ စာအမှတ် – ကော်မရှင် ဈေးကွက်ကြီးကြပ်/ ၅၇ / ၁၆ -၁၇ ဖြင့် ရောင်းချခွင့်ရရှိထားပြီးဖြစ်ရာ ရင်းနှီးမြှပ်နှံရန် စိတ်ပါဝင်စားသူ အများပြည်သူများအား အစုရှယ်ယာ တစ်စုလျှင် (၁၀၅၀၀)ကျပ်နှုန်းဖြင့် အစုရှယ်ယာပေါင်း (၅၀၀၀၀၀)အား (၁၆ -၁- ၂၀၁၇)ရက်နေ့မှ (၁၀-၂-၂၀၁၇)ရက်နေ့ထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (prospectus) ကို လေ့လာနိုင်ရန်နှင့် အစုရှယ်ယ ဝယ်ယူရန် လျှောက်လွှာပုံစံများအား အောက်ဖော်ပြပါ ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများတွင် ထုတ်ယူ လျှောက်ထား ဝယ်ယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ကုမ္ပဏီအမည်     – KBZ Stirling Coleman Securities Company Limited
လိပ်စာ        – Strand Square အမှတ်၅၃၊ ကမ်းနားလမ်း၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၂၃၀၇၀၇၈
ကုမ္ပဏီအမည်    – AYA Trust Securities Company Limited (AYA Trust)
လိပ်စာ        – အမှတ် (၄၁၆)၊ မဟာဗန္မဳလလမ်းနှင့် မဟာဗန္မဳလပန်းခြံလမ်းထောင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁-၃၈၆၂၅၈၊ ၃၈၆၂၅၉
ကုမ္ပဏီအမည်    – CB Securities Limited
လိပ်စာ        – Union Financial Centre မဟာဗန္မဳလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁-၈၆၁၀၃၀၉ – ၁၃
ကုမ္ပဏီအမည်    – KTZ Ruby Hill Securities Company Limited
လိပ်စာ        – Union Financial Centre ခုနှစ်ထပ်၊ မဟာဗန္မဳလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊
ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁-၈၆၁၀၄၈၀
ဒါရိုက်တာအဖွဲ့
မြန်မာအက်ဂရို အိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတတ် (MAEX)
အခန်း(၀၄-၀၃)၊ ၄ လွှာ၊ ဘလောက်(အေ)၊ဒဂုန်စင်တာ(၁)၊အမှတ်၂၆၂-၂၆၄၊ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁ – ၅၁၄၂၂၆၊ ၅၀၃၉၂၈၊ ၅၀၃၉၂၉