ကုမ္ပဏီအကြောင်း အကျဉ်းချုပ် (Company Overview)
ကုမ္ပဏီ၏ ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းများ
MAEX ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ သစ်သီးဝလံ၊ အသားငါးနှင့် ပန်းမန်များကို အထူးပြုလက်ကားရောင်းဝယ်သော တညင်းကုန်းလက်ကားဈေးကြီးကို တည်ဆောက်စီမံခန့်ခွဲခြင်း ဖြစ်သည်။
ဖွံ့ဖြိုးဆဲဖြစ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်ကြီး၏ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်ပြီး ဤဈေးကြီးကို တည်ထောင်ခြင်းဖြစ်ပါသည်။ တောင်သူများ၊ ဝယ်ယူစားသုံးသူများ၊ ပြည်တွင်းဝယ်ရောင်းလုပ်သူများနှင့် ပြည်ပသို့တင်ပို့ရောင်းချသူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိဖြင့် ၎င်းတို့၏လုပ်ငန်း တိုးတက်အောင်မြင်စေရန်မှာ အဓိကရည်မှန်းချက်ဖြစ်ပါသည်။ ယခုလုပ်ငန်းမှတဆင့် တောင်သူများနှင့်၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းရှိသူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရန်သာမက တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန်များကိုပါ ဆက်လက်လုပ်ကိုင် လာနိုင်ကြစေရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။
တညင်းကုန်းလက်ကားဈေးသစ်ကြီးသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ ပထမဆုံးသောလက်ကားဈေးသစ်ကြီးဖြစ်ပါသည်။ ၎င်းလက်ကား ဈေးသစ်ကြီးသည် သန့်ရှင်းလတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အသားငါးနှင့် ပန်းမန်များကို လက်လီနှင့် လက်ကားရောင်းဝယ်ရေးလုပ်ငန်းစုများ၏ တည်မှီရာဖြစ်သည်သာမက နိုင်ငံတော်စီးပွား တိုးတက်ရေးကို တဖက်တလမ်းမှ အထောက်အကူပြုပြီး ဒေသခံလူမှုအဖွဲ့အစည်းများနှင့် မိသားစုများကိုပါ ကောင်းမွန်သော အကျိုး သက်ရောက်မှု ရှိစေမည်ဖြစ်ပါသည်။
ထို့အပြင် MAEX ကုမ္ပဏီအနေဖြင့် ကုမ္ပဏီ၏ အဓိက ရည်မှန်းချက်အတိုင်း တညင်းကုန်းလက်ကား စျေးကြီးအား အောင်မြင်စွာ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် လက်ကားစျေးနှင့်ချိတ်ဆက် မည့် စိုက်ပျိုးထုတ်ကုန်များ စုဆောင်း သိုလှောင် ရောင်းချနိုင်မည့် တောင်သူလက်ကားစျေးသစ် (Collector Market) များကို ရှမ်းပြည်တောင်ပိုင်း ကလောခရိုင် အတွင်း တိုးချဲ့ လုပ်ကိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်နှင့် တန်ဖိုးများ (Purpose, Vision & Core Values)
ရည်ရွယ်ချက် (Our Purpose)
- မြန်မာနိုင်ငံတွင် လတ်ဆတ်သော အစားအစာ လက်ကားအရောင်းဈေးကွက်နှင့် ထောက်ပံ့ရေးကွန်ယက် ကဏ္ဍ၌ အကောင်းဆုံး ဦးဆောင်မှုပေးနိုင်ကာ တီထွင်မှု၊ အဆင်ပြေလွယ်ကူမှုနှင့် အရည်အသွေးမြင့်မားမှုများတွင် ထိပ်တန်းနေရာမှ ရပ်တည်ရန်။
- မြန်မာ့စိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန် ဥယျာဉ်စိုက်ပျိုးခြင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေပြီး တောင်သူလယ်သမားများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ရောင်းချသူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးရန်။
ဦးတည်ချက် (Our Vision)
- သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်များနှင့် တန်ဖိုးမြှင့် အစားအစာ ထုတ်ကုန်များကဲ့သို့ လတ်ဆတ်သော ထုတ်ကုန်များကို ကမ္ဘာ့အဆင့်အတန်းမီ ဖြန့်ဖြူးခြင်းနှင့် ဈေးကွက်တင်ခြင်း ဗဟိုချက်အဖြစ် ခေတ်အမီဆုံးနှင့် အဆင့်အမြင့်ဆုံး အခြေခံအဆောက်အအုံ၊ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်။
တန်ဖိုးထားရှိမှုများ (Core Values)
- ဖောက်သည်အပေါ် အာရုံစိုက်မှု (Customer Focus): ဖောက်သည်များ၏ လိုအပ်ချက်များကို အဓိကထား၍ ဈေးကွက်အသုံးပြုသူများနှင့် ပူးပေါင်းကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးပါသည်။
- ဝန်ထမ်းများ၏ တန်ဖိုးကို အသိအမှတ်ပြုခြင်း (People First): ဝန်ထမ်းများအား လေးစားဂုဏ်သရေရှိစွာ ဆက်ဆံ၍ ဘေးကင်းကျန်းမာသော လုပ်ငန်းခွင်နှင့် တန်းတူညီမျှမှုရှိသော မူဝါဒများဖြင့် တီထွင်ဖန်တီးမှုကို အားပေးပါသည်။
- အစုရှယ်ယာရှင်များအပေါ် တန်ဖိုးထားမှု (Shareholder Value): လုပ်ငန်းများကို ထိရောက်စွာ စီမံခန့်ခွဲခြင်းဖြင့် အစုရှယ်ယာရှင်များ၏ တန်ဖိုးနှင့် အကျိုးအမြတ်ကို အများဆုံး ဖြစ်စေရန် ဆောင်ရွက်ပါသည်။
- မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု (Partnership & Value Creation): လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး အခွင့်အလမ်းများကို ပေါင်းစပ်၍ ရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဖက်များအတွက် တန်ဖိုးသစ်များ ဖန်တီးပေးပါသည်။
မဟာဗျူဟာမြောက် ရည်မှန်းချက်များ (Strategic Objectives)
- ထုတ်လုပ်သူများအား ပံ့ပိုးမှု: တိကျသော ဈေးကွက်အချက်အလက်များ ပေးပို့ခြင်းဖြင့် လယ်သမားများ၏ အခြေအနေများကို တိုးတက်စေရန်။
- စားသုံးသူကျန်းမာရေး: ဓာတုဓာတ်ကြွင်းကင်းရှင်းပြီး လတ်ဆတ်သော ကုန်ပစ္စည်းများကို သင့်တော်သော ဈေးနှုန်းဖြင့် ရရှိနိုင်စေရန်။
- စွန့်ပစ်ပစ္စည်း လျှော့ချရေး: ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုမှ စွန့်ပစ်ပစ္စည်းများကို လျှော့ချ၍ အကျိုးအမြတ်ကို အကောင်းဆုံး ဖော်ဆောင်ရန်။
- ဈေးကွက်ညှိနှိုင်းမှု: ဝယ်လိုအားနှင့် ရောင်းလိုအားကို မျှတစွာ ညှိနှိုင်းပေးပြီး တရားမျှတသော ဖြန့်ဖြူးမှုစနစ် ဖန်တီးရန်။
- အလုပ်အကိုင် ဖန်တီးခြင်း: စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန်။
About MAEX (Company Overview)
Company Services and Operations
The primary business of Myanmar Agro Exchange Public Co., Ltd. (MAEX) is the construction and management of the Danyingone Wholesale Market, a specialized market for fruits, vegetables, meat, seafood, and flowers.
This wholesale market was established with the objective of stabilizing prices in the developing fruit and vegetable market and improving farmers’ income. Our key target is to create seamless connections among farmers, consumers, domestic traders, and exporters to support their mutual business growth. Through this operation, we aim not only to elevate the standard of living for farmers and workers in related agricultural sectors, but also to enable them to transition into value-added agricultural production.
The new Danyingone Wholesale Market is our company’s flagship wholesale market project. It serves as a vital hub for fresh fruits, vegetables, meat, seafood, and floral produce for both retail and wholesale business groups. In addition to serving as a business hub, it contributes to national economic development and generates positive impacts on local communities and families.
Furthermore, to fulfill the company’s core goals and ensure the ongoing success of the Danyingone Wholesale Market, MAEX is actively expanding its business operations. The company is currently working on establishing new Farmer Wholesale Markets (Collector Markets) in Kalaw District, Southern Shan State, designed for collecting, storing, and distributing agricultural produce directly linked to the central wholesale market.
Our Purpose, Vision & Core Values
Our Purpose
- To maintain a leadership position in Myanmar’s fresh food wholesale market and supply chain industry by delivering excellence in innovation, convenience, and quality.
- To foster the sustainable development of Myanmar’s agricultural and horticultural sectors while contributing to poverty reduction among farmers, producers, and vendors.
Our Vision
- To provide state-of-the-art infrastructure and world-class distribution services, serving as the premier central hub for marketing and distributing fresh produce and value-added food products.
Core Values
- Customer Focus: We place our customers’ needs at the heart of our operations, collaborating with market users to foster business growth.
- Value Our People: We view employees as our most valuable assets, providing a safe, respectful, and inclusive workplace that encourages creativity and growth.
- Shareholder Value: We manage our business efficiently to maximize long-term shareholder value and financial sustainability.
- Partner Collaboration: We integrate social, cultural, and business opportunities to create shared value for all stakeholders and investors.
Strategic Goals & Commitments
- Empower Farmers: Deliver accurate market intelligence to improve the livelihoods of the agricultural community.
- Consumer Health & Safety: Ensure access to safe, residue-free, and fresh produce at fair market prices.
- Waste Reduction: Minimize post-harvest loss and operational waste to maximize value for producers and buyers.
- Market Equilibrium: Balance supply and demand to maintain a fair, transparent, and efficient wholesale distribution system.
- Job Creation: Generate sustainable employment and business opportunities across the agricultural sector.






