အစုရှယ်ယာ အသိအမှတ်ပြုလက်မှတ် Share Certificate များ ထုတ်ပေးခြင်းအား အသိပေးကြေညာခြင်း

Myanmar Agro Exchange Public Limited မှ (၁၆-၁-၂၀၁၇)ရက်နေ့မှ (၇-၂-၂၀၁၇) ရက်နေ့အတွင်း KBZ SC, CB SC, AYA Trust SC, KTz Rh SC များနှင့်  Myanmar Agro Exchange Public Limited. ကုမ္ပဏီ ရုံးချုပ်တို့တွင် ကမ်းလှမ်းအစုရှယ်ယာ ဝယ်ယူရန် အဆိုပြုလွှာများ တင်သွင်းထားပြီး အစုရှယ်ယာ ဝယ်ယူခွင့်ရရှိသူများအတွက် အစုရှယ်ယာ အသိအမှတ်ပြုလက်မှတ် Share Certificate များအား အောက်ပါအစီ အစဉ်များအတိုင်း ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(က)    Myanmar Agro Exchange Public Limited. ကုမ္ပဏီရုံးချုပ်သို့ လာရောက်ထုတ်ယူရန် အဆိုပြုထားသည့် အစုရှင်များမှာ အောက်ဖော် ပြပါ     အစုရှယ်ယာ အရေအတွက် အလိုက် ယှဉ်တွဲ ဖော်ပြထားသည့် နေ့ရက်များတွင် အမှတ်(၂၆၂-၂၆၄)၊ ပြည်လမ်း၊ အခန်း (၀၄-၀၃)၊     ဘလောက် (အေ)၊ ၄     လွှာ၊ ဒဂုန်စင်တာ(၁)၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ကုမ္ပဏီရုံးချုပ်တွင် (နံနက် ၉း၃၀ နာရီမှ ညနေ     ၄း၃၀ နာရီ) အတွင်း     ထုတ်ပေးသွားမည်ဖြစ်ပါသည်။
(၁)    အစု(၁)စုမှ အစု(၉)စုအထိ        (၃-၄-၂၀၁၇)ရက်နေ့
(၂)    အစု(၁၀)စုမှ အစု(၁၉)စုအထိ        (၄-၄-၂၀၁၇)ရက်နေ့
(၃)    အစု(၂၀)စုမှ အစု(၄၉)စုအထိ        (၅-၄-၂၀၁၇)ရက်နေ့
(၄)    အစု(၅၀)စုမှ အစု(၉၉)စုအထိ        (၆-၄-၂၀၁၇)ရက်နေ့
(၅)    အစု(၁၀၀)စုမှ အစု(၁၉၉)စုအထိ        (၇-၄-၂၀၁၇)ရက်နေ့
(၆)    အစု(၂၀၀)စုမှ အစု(၅၉၉)စုအထိ        (၈-၄-၂၀၁၇)ရက်နေ့
(၇)    အစု(၆၀၀)နှင့်အထက်            (၁၀-၄-၂၀၁၇)ရက်နေ့
(ခ )    မိမိ နေရပ်လိပ်စာသို့ ပေးပို့ရန် အဆိုပြုထားသည့် အစုရှင်များအား သက်ဆိုင်ရာ နေရပ်လိပ်စာများသို့(၃-၄-၂၀၁၇)ရက်နေ့မှစ၍ (Magnate Group Logistics Co., Ltd) (MGL) ဖြင့် နေရပ်လိပ်စာအရောက် ပေးပို့သွားမည်ဖြစ်ပြီး လက်ခံရရှိကြောင်း အစုရှယ်ယာရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာမြို့နယ်များရှိ (Magnate Group Logistics Co.,Ltd.) (MGL) ရုံးခွဲများနှင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုကြောင်း အသိပေးအပ်ပါသည်။
မှတ်ချက်
(၁)    ကုမ္ပဏီ ရုံးချုပ်တွင် လာရောက် ထုတ်ယူမည့် အစုရှင်များအနေဖြင့်-
(က)    ကိုယ်တိုင်ဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်အတူ လာရောက်ထုတ်ယူရန်။
(ခ )    ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက အစုရှယ်ယာရှင်၏ ကိုယ်စားလှယ်လွှဲစာ၊ အစုရှယ်ယာရှင်၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်း၊ ကိုယ်စားထုတ်ယူသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းတို့နှင့် အတူလာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။
(၂)    သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အစုရှယ်ယာရှင်များအနေဖြင့် (၂၄-၄-၂၀၁၇)ရက်နေ့နောက်ပိုင်း ရုံးချိန်အတွင်း၌  ကုမ္ပဏီရုံးချုပ်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

ဒါရိုက်တာအဖွဲ့
မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ် လီမိတက် (MAEX)